အပူပိုင်းမုန်တိုင်း ဆေအိုလာသည် ဖိလစ်ပိုုင်မြောက်ပိုင်းတွင် မိုးများစေခဲ့ပြီး မြို့အချို့ကို ဓာတ်အားပြတ်တောက်စေကာ လူ ၂,၀၀၀ နေရာရွှေ့ပြောင်းခဲ့ရသည့်အနေအထားဖြစ်ခဲ့ပြီးနောက် သြဂုတ်၂၈ ရက်တွင် ထိုင်ဝမ်ကို ဦးတည်နေသည်ဟု အာဏာပိုင်များက ပြောကြားသည်။
ဆေအိုလာမုန်တိုင်းသည် သြဂုတ် ၃၀ ရက် ညပိုင်း သို့မဟုတ် သြဂုတ် ၃၁ ရက် စောစောပိုင်းတွင် ထိုင်ဝမ်တောင်ပိုင်း၌ ကုန်းတွင်းကို ဝင်ရောက်မည်ဟု ခန့်မှန်းထားခြင်းနှင့်အတူ တိုင်ဖွန်းမုန်တိုင်း၏ အမြင့်ဆုံးလေတိုက်နှုန်းသည် တစ်နာရီ ၁၅၅ ကီလိုမီတာကို လျော့ကျသွားပြီး လေပြင်းတိုက်ခတ်နှုန်းသည် တစ်နာရီ ကီလိုမီတာ ၁၉၀ ကို လျော့ကျသွားသည်ဟု မိုးလေဝသဌာနက ပြောကြားသည်။
ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်သည့် သတ္တမမြောက်အပူပိုင်းမုန်တိုင်း ဆေအိုလာသည် သြဂုတ် ၂၇ ရက် ညပိုင်းတွင် တစ်သမတ်တည်းတိုက်နေသော လေတိုက်နှုန်းမှာ တစ်နာရီကို ၁၈၅ ကီလိုမီတာရှိပြီး လေပြင်းတိုက်နှုန်းသည် တစ်နာရီကီလိုမီတာ ၂၃၀ အထိရှိသည်။
လေတိုက်ခြင်း၊ မိုးရွာခြင်း၊ ဓာတ်အားပြတ်တောက်ခြင်းတို့ အပြင် မုန်တိုင်းကြောင့် လူ ၂,၀၀၀ နီးပါးသည် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံခဲ့ကြရသည်ဟု ဘေးအန္တရာယ်အေဂျင်စီက ပြောကြားသည်။
“ရေကြီးတာ၊ မိုးကြောင့် မြေပြိုတာတို့ ဖြစ်မယ့်အနေအထားရှိနေပါတယ်။ အထူးသဖြင့် ရေကြီး၊ မိုးများတာတို့ကို ခံနိုင်ရည် အားနည်းတဲ့ ဒေသတွေမှာဖြစ်နိုင်ပါတယ်”ဟု မိုးလေဝသဌာနက အကြံပြုချက်တွင်ဖော်ပြထားသည်။
ဖိလစ်ပိုင်မြောက်ပိုင်းပြည်နယ်များသည် နိုင်ငံ၏ ဆန်၊ ပြောင်း၊ ဟင်းသီးဟင်းရွက် အများဆုံးထုတ်လုပ်သော ပြည်နယ်များထဲတွင် ပါဝင်သည်။
ကျွန်း ၇,၆၀၀ ကျော်ရှိသော ကျွန်းစုဖြစ်သည့် ဖိလစ်ပိုင်သည် တစ်နှစ်ကို ပျမ်းမျှ မုန်တိုင်း ၂၀ ဝင်ရောက်တတ်သည်ဆိုသော်လည်း မုန်တိုင်းအချို့သာကုန်းတွင်းကို ဝင်ရောက်သည်။
ဆေလိုအာမုန်တိုင်းသည် လက်ရှိအချိန်ထိ ထိုင်ဝမ်ကို တိုက်ရိုက်ဝင်ရောက်မည်မဟုတ်ဟု ခန့်မှန်းထားသည်ဆိုသော်လည်း မုန်တိုင်းကြောင့် ထိုင်ဝမ်တောင်တန်းဒေသများနှင့်ကျွန်း၏ အရှေ့ တောင်ပိုင်းလူနေကျဲပါးသည့်ဒေသတို့ကို မိုးများစေမည်ဟုခန့်မှန်းထားကြောင်း ထိုင်ဝမ်မီးသတ်ဌာနက ပြောကြားသည်။
ဆေအိုလာသည် သြဂုတ် ၂၆ ရက်ညပိုင်းတွင်လူဇွန်ကျွန်းမကြီး၏ အရှေ့မြောက်ဘက်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးလူ ၁၆၀,၀၀၀ ခန့်နေထိုင်သော တူဂွီရာရောင်မြို့၏ ၁၂၅ ကီလိုမီတာအတွင်း၌လေတိုက်နှုန်းသည် တစ်နာရီလျှင် ၁၁၅ မိုင်အထိရှိခဲ့သည်ဟု ဆိုသည်။
ဓာတ်အားလိုင်းများပြတ်တောက်မှုကြောင့် လူ ၁ ဒသမ ၂ သန်းရှိသည့် ကာဂါရန်ပြည်နယ်တစ်ဝန်းတွင် ဓာတ်အားပြတ်တောက်မှုများ နေရာအနှံ့ဖြစ်ပေါ်နေသည်ဆိုသော်လည်း လူသေဆုံးမှုများမရှိသလို ကြီးကြီးမားမားထိခိုက်ပျက်စီးမှုများမရှိဟု ဖိလစ်ပိုင်အာဏာပိုင်များက ပြောကြားသည်။
လွန်ခဲသောလက အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ဒေါ့ဆူရီသည် ဖိလစ်ပိုင်ကုန်း တွင်းပိုင်းကိုဝင်ရောက်တိုက်ခတ်ခဲ့ပြီး လေပြင်းများတိုက်ခြင်း၊မိုးများခြင်းတို့ဖြစ်ခဲ့ကာ မြစ်များရေလျှံခဲ့သည်။ ထို့အပြင် လူထောင်ချီလျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ကြောင်း သိရသည်။
Ref: Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
