ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံအကြားတည်ငြိမ်သော ဆက်ဆံရေးရှိရန် အလွန်အရေးကြီးကြောင်း သြဂုတ် ၂၈ ရက်က ပေကျင်းတွင် တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနှင့် တွေ့ဆုံစဉ်အတွင်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂျီနာရေမွန်ဒိုက ပြောကြားခဲ့သည်။
အမေရိကန်က တရုတ်နှင့်ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများကို လျှော့ချရန်ကြိုးပမ်းနေခိုက် မကြာသေးမီလများအတွင်း တရုတ်သို့ အမေရိကန်အစိုးရ အဆင့်မြင့်တာဝန်ရှိသူများ ဆက်တိုက်လာရောက်ခဲ့ပြီးနောက် လတ်တလောတွင် အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ရောက်ရှိလာခြင်းဖြစ်သည်။
အဆိုပါခရီးစဉ်များသည် နှစ်နိုင်ငံခေါင်း ဆောင်နှစ်ဦးတွေ့ဆုံမှုအတွက် လမ်းဖွင့်ပေးမှု ဖြစ်လာနိုင်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ၎င်းအနေဖြင့် ယခုနှစ်ထဲတွင် သမ္မတရှီနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် မျှော်လင့်ကြောင်း မကြာသေးမီက ပြောဆိုထားသည်။ သမ္မတဂျိုးဘိုင်ဒင်နှင့် သမ္မတရှီကျင်းပင်တို့သည် ယမန်နှစ်နိုဝင်ဘာလက ဘာလီကျွန်းတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ပေကျင်းသို့ရောက်ရှိနေသည့် အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ရေမွန်ဒိုသည် သြဂုတ် ၂၈ ရက် နံနက်ပိုင်းက တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝမ်ဝမ်ထောင်နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား စီး ပွားရေးဆိုင်ရာ ဆက်ဆံရေးသည် ကမ္ဘာပေါ်တွင် အရေးအပါဆုံးဖြစ်သည်ဟု ဆိုသည်။
“မိမိတို့နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုဟာ ဒေါ်လာ ၇၀၀ ဘီလျံရှိပြီး မိမိတို့ရဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးတည် ငြိမ်မှုရှိဖို့ လေးလေးနက်နက်အရေးကြီးတယ် ဆိုတာကိုလည်း ထောက်ခံပါတယ်” ဟု ၎င်း က ပြောကြားခဲ့ကြောင်း အမေရိကန်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆိုသည်။
“ဒါဟာ ရှုပ်ထွေးနက်နဲတဲ့ ဆက်ဆံရေးတစ်ခုဖြစ်ပြီး စိန်ခေါ်မှုတွေရှိတဲ့ ဆက်ဆံရေးပါ။ ကိစ္စရပ်တချို့မှာ သဘောထားကွဲလွဲမှုတွေ ရှိပေမဲ့ ပွင့်လင်းပြီးလက်တွေ့ကျတဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေကနေ တိုးတက်အောင်လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ရေမွန်ဒိုသည် သြဂုတ် ၂၇ ရက်က ပေကျင်းသို့ ရောက်ရှိလာခဲ့ပြီး တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမေရိကနိုင်ငံများနှင့် သမုဒ္ဒရာပိုင်းရေးရာဌာန ညွှန်ကြားရေးမှူး လင်ဖုန်း၊ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး နစ်ကိုးလပ်စ်ဘန်းစ်တို့နှင့် တွေ့ဆုံခဲ့သည်။
အကျိုးဖြစ်ထွန်းမည့် နေ့ရက်များကို စောင့်မျှော်လျက်ရှိကြောင်း ရေမွန်ဒိုက ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်သည့် X တွင် ရေးသားခဲ့သည်။
ထိုခရီးစဉ်အတွင်း ၎င်းသည် တရုတ်၏စီးပွားရေးအချက်အချာကျသော ရှန်ဟိုင်းမြို့သို့လည်း သွားရောက်မည်ဖြစ်ကြောင်းနှင့် သြဂုတ် ၃၀ ရက်တွင် ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆိုသည်။
အမေရိကန်နှင့် တရုတ်တို့အကြား ကုန်သွယ်မှုဆိုင်ရာ ဆက်ဆံရေးသည် ဆယ်စုနှစ်များအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့ကာ အမေရိကန်က တရုတ်အပေါ်ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်မှုများ ချမှတ်ခဲ့သည်။
အမျိုးသားလုံခြုံရေးကို ကာကွယ်ရန်အလွန်အရေးကြီးကြောင်း အမေရိကန်ကပြောဆိုထားသော်လည်း တရုတ်ကမူ ယင်းလုပ်ရပ်သည် မိမိတို့၏ စီးပွားရေးအင်အားကြီးထွားလာမှုကို ထိန်းချုပ်ကန့်သတ်ရန် ကြိုးပမ်းမှုဖြစ်သည်ဟု ရှုမြင်ထားသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် တရုတ်၌ အကဲဆတ်သော အဆင့်မြင့်နည်းပညာ ကဏ္ဍများတွင် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုအချို့ကို ကန့်သတ်ရန်ရည်ရွယ်သည့် အမိန့်ကြေညာချက်တစ်ရပ်ကို ယခုလထဲတွင် ထုတ်ပြန်ခဲ့သည်။ တရုတ်ကမူ ယင်းလုပ်ရပ်သည် ကမ္ဘာလုံးဆိုင်ရာ ကူးလူးဆက်ဆံခြင်းကို ဆန့်ကျင်မှုဖြစ်ကြောင်း ဝေဖန်ပြစ်တင်ခဲ့သည်။
Ref: Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
