တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် လွန်ခဲ့သောသီတင်းပတ်က မိုးသက်မုန်တိုင်း ကျရောက်ခဲ့ပြီးနောက် လူလေးဦးသေဆုံးခဲ့ပြီး လူပေါင်းဒါဇင်ချီ ပျောက်ဆုံးလျက်ရှိသည်ဟု နိုင်ငံပိုင်မီဒီယာတွင် သြဂုတ် ၃၀ ရက်က ဖော်ပြခဲ့သည်။
ဆီချွမ်ပြည်နယ်ရှိ တောင်ထူထပ်သော ဂျင်ယန်းကောင်တီတွင် သြဂုတ် ၂၁ ရက်က ဆိုးရွားသော မိုးရွာသွန်းမှုဖြစ်ပွားခဲ့သော်လည်း အပျက်အစီးအတိုင်းအတာကို ချက်ချင်းမသိရသေးပေ။
မိုးရွာသွန်းခဲ့ပြီးနောက် သီတင်းတစ်ပတ်ကျော်အကြာတွင် မုန်တိုင်းများတိုက်ခတ်မှုကြောင့် ရေကြီးမှုဖြစ်ပွားခဲ့ပြီး လူ ၂ဝဝကျော် အလုပ်လုပ်ကိုင်နေသည့် စတီးလုပ်ငန်းတစ်ခုတွင် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့သည်။
“လက်ရှိမှာတော့ ရေကြီးမှုကြောင့် လူလေးဦးသေဆုံးပြီး နောက်ထပ် ၄၈ ဦးပျောက်ဆုံးနေပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်”ဟု CCTV သတင်းတွင်ဖော်ပြခဲ့သည်။
ဘေးကင်းလုံခြုံမှုဖြစ်စဉ်နှင့်ပတ်သက်၍ အစီရင်ခံစာတင်ပြမှု ပျက်ကွက်ခြင်း သို့မဟုတ် မှားယွင်းအစီရင်ခံခြင်းသံသယဖြင့်လူငါးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သတင်းတွင်ဖော်ပြထားသည်။
သမ္မတရှီကျင်းပင်က ပျောက်ဆုံးနေသူများကို အတတ်နိုင်ဆုံးရှာဖွေပေးရန်နှင့် ၎င်းတို့၏ မိသားစုဝင်များကို နှစ်သိမ့်မှုပေးရန်တာဝန်ရှိသူများကို အမိန့်ထုတ်ပြန်ခဲ့သည်ဟု CCTV သတင်းတွင်ဖော်ပြထားသည်။
“ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အလုံးစုံစုံစမ်းစစ်ဆေးသင့်ပြီး ဒါနဲ့ပတ်သက်တဲ့တာဝန်ရှိတဲ့ အဖွဲ့အစည်းအားလုံးကို တရားဥပဒေအရ အရေးယူရမှာ ဖြစ်ပါတယ်”ဟု ရှီကပြောကြားခဲ့သည်။
တရုတ်နိုင်ငံတွင် မကြာသေးမီလများအတွင်း ဆိုးရွားသောရာသီဥတုကြောင့် သဘာဝဘေးအန္တရာယ်များ ဆက်တိုက်ဖြစ်ပွားခဲ့သည်ကို တွေ့မြင်ရသည်။
တရုတ်နိုင်ငံမြောက်ပိုင်းတွင် လွန်ခဲ့သည့်လက တိုင်ဖွန်းဒေ့ါဆူရီကြောင့် စံချိန် တင်မိုးရွာသွန်းမှုဖြစ်ပွားခဲ့ပြီးနောက် လူ ၇၈ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
ဒေါ့ဆူရီမုန်တိုင်းသည် နှစ်အတန်ကြာအတွင်း တရုတ်နိုင်ငံကို ဝင်ရောက်သည့်အား အကောင်းဆုံး မုန်တိုင်းများအနက်မှ တစ်ခုအပါအဝင်ဖြစ်သည်။
တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် လွန်ခဲ့သည့် လကုန်ပိုင်းနှင့် ယခုလအစောပိုင်းကလည်း မှတ်တမ်းစတင် ကောက်ယူသည့် လွန်ခဲ့သော နှစ်ပေါင်း ၁၄၀ နောက်ပိုင်းအဆိုးရွားဆုံးမိုးရွာသွန်းမှု ဖြစ်စဉ်ကိုကြုံတွေ့ခဲ့ရ သည်။ ဇူလိုင် ၂၉ ရက်က အများအားဖြင့် ခြောက်သွေ့နေသည့် ပေကျင်းမြို့တော်နှင့် အနီးတစ်ဝိုက်ဒေသတွင် မိုးသည်းထန်စွာစတင်ရွာသွန်းခဲ့သည်။နာရီပေါင်း ၄၀ အတွင်း ကောက်ယူထားသည့် မိုးရေချိန်ပမာဏသည် ဇူလိုင်လတစ်လလုံးအတွက် ပျမ်းမျှမိုးရေချိန် ပမာဏနီးပါးအထိရောက်ရှိခဲ့သည်။
ကောက်ပဲသီးနှံထွက်ရှိသည့် ဟေးလုံးကျန်ပြည်နယ်သည် တိုင်ဖွန်းဒေါ့ဆူရီဝင် ရောက်တိုက်ခတ်သည့် နောက်ဆုံးနေရာဖြစ်လာပြီး မုန်တိုင်းကြောင့် လူပေါင်းထောင်ချီ ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ကြကာ မုန်တိုင်း သည် ယင်းမတိုင်မီ ပေကျင်းနှင့်အနီးအနားရှိမြို့များကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် တရုတ်၏ သဘာဝဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်မှုစနစ်များကို စမ်းသပ်မှုဖြစ်လာခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
