အီသီယိုပီးယားနိုင်ငံ အမ်ဟာရာဒေသတွင် အဓိကရုဏ်းများဖြစ်ပွားသည့် ဇူလိုင်လကတည်းက လူ ၁၈၃ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ကုလသမဂ္ဂက သြဂုတ် ၂၉ ရက်တွင် ထုတ်ပြန်ခဲ့ပြီး သတ်ဖြတ်မှုများ၊အကြမ်း ဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အဆုံးသတ်ရန်တောင်းဆိုခဲ့သည်။
အမ်ဟာရာဒေသမှ တိုက်ခိုက်ရေးသမားများကို စိတ်ဝင်စားစေခဲ့သည့် အိမ်နီးချင်းတီဂရေးဒေသတွင် ဆိုးရွားသောစစ်ပွဲကြီး အဆုံးသတ်ခဲ့ပြီးနောက် နိုင်ငံမြောက်ပိုင်းဒေသတွင် ယခုနှစ်အတွင်း တင်းမာမှုများမြင့်တက်လာခဲ့သည်။
“ကျွန်မတို့တွေအနေနဲ့ အီသီယိုပီးယားရဲ့ ဒေသအချို့က ဆိုးရွားတဲ့လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး အရမ်းစိုးရိမ်နေပါတယ်”ဟု ကုလသမဂ္ဂလူ့အခွင့်အရေးရုံး ပြောရေးဆိုခွင့်ရှိသူ မာတာဟတ်တာဒိုက ပြောကြားခဲ့သည်။
အမ်ဟာရာဒေသတွင် အီသီယိုပီးယားစစ်တပ်နှင့် ဒေသခံဖာနိုပြည်သူ့စစ်ကြားအ ဓိကရုဏ်းများဖြစ်ပွားခဲ့ပြီးနောက် သြဂုတ် ၄ ရက်က အရေးပေါ်အခြေအနေကို ထုတ်ပြန်ကြေညာခဲ့ပြီး အခြေအနေသည် အတော်ဆိုးရွားလာခဲ့သည်။
“ဇူလိုင်လကတည်းက အဓိကရုဏ်းတွေအတွင်း လူ ၁၈၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်”ဟု ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက ကောက်ယူစုဆောင်းထားသည့် အချက်အလက်တွင်ဖော်ပြထားသည်။ ဧပြီလက ဖက်ဒရယ်အစိုးရသည် နိုင်ငံတစ်ဝန်းရှိ ဒေသဆိုင်ရာတပ်ဖွဲ့များကို ဖျက်သိမ်းကြောင်းထုတ်ပြန် ကြေညာခဲ့သည်။ ယင်းလုပ်ဆောင်မှုကို အမ်ဟာရာမျိုးချစ်ဝါဒီများက ဆန္ဒပြခဲ့ကြပြီး ယင်းသည် ၎င်းတို့၏ဒေသကို အားနည်းစေလိမ့်မည်ဟု ၎င်းတို့က ပြောကြားခဲ့သည်။
အီသီယိုပီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံးဒေသဖြစ်သည့် အမ်ဟာရာတွင် စစ်တပ်နှင့် ဒေသဆိုင်ရာ ပြည်သူ့စစ်အဖွဲ့ဖြစ်သည့် ဖာနိုတို့အကြား ရက်အတန်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် အီသီယိုပီးယားအစိုးရက သြဂုတ် ၄ ရက်တွင် ခြောက်လကြာ အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။
သြဂုတ် ၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ကြေညာချက်အရ အစိုးရအနေဖြင့် ကာဖျူးထုတ်ပြန်ရန်၊ အသွားအလာကန့်သတ်မှု ပြုလုပ်ရန်၊ သေနတ်နှင့် ချွန်ထက်သည့် အရာဝတ္ထုများ ကိုင်ဆောင်မှုကို ပိတ်ပင်ရန်၊ လူစုလူဝေးပြုလုပ်မှုကို တားမြစ်ရန်နှင့် ဝရမ်းမပါဘဲ ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နိုင်ရန် အခွင့်အာဏာ ရရှိသွားပြီဖြစ်သည်။
“လုပ်ရိုးလုပ်စဉ် ဥပဒေစနစ်ကိုအခြေခံပြီး လက်ခံနိုင်ဖွယ်မရှိတဲ့ လုပ်ရပ်တွေအတွက် ထိန်းချုပ်ဖို့ ခက်ခဲလာတဲ့အတွက် အရေးပေါ်အခြေအနေကြေညာဖို့ လိုအပ်တာကို တွေ့ရှိရတယ်” ဟု အီသီယိုပီးယားဝန်ကြီးချုပ် အဘီ အာမက်၏ရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“ဒီဥပဒေအောက်မှာ နိုင်ငံတစ်ဝန်းလူ ၁၀၀၀ ကျော် ဖမ်းဆီးခံထားရပြီလို့ အစီရင်ခံစာတွေအရ သိရှိခဲ့ရပါတယ်။ ဖမ်းဆီးခံရသူအများစုက ဖာနိုထောက်ခံသူတွေလို့ သံသယရှိတဲ့ အမ်ဟာရာမျိုးနွယ်စုလူငယ်တွေဖြစ်တယ်လို့ ကြားသိရပါတယ်”ဟု ၎င်းကပြောကြားခဲ့သည်။ သြဂုတ်လအစောပိုင်းကတည်းက တစ်အိမ်တက်တစ်အိမ်ဆင်း ရှာဖွေမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ကြသည်။
“ကျွန်မတို့အနေနဲ့ လူအုပ်စုလိုက်ဖမ်းဆီးမှုတွေကို ရပ်တန့်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုပြီး ထင်ရာစိုင်းဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုပါတယ်။သတ်ဖြတ်တာတွေ၊ အခြား အကြမ်းဖက်မှုတွေနဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို ရပ်တန့်ပေးဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို တောင်းဆို လိုပါတယ်”ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
