အမိန့်ပေးမည်ဆိုပါက နျူကလီးယားစမ်းသပ်မှုကို “အချိန်မရွေး” ပြန်လည်စတင်ရန် အဆင်သင့်ဖြစ်နေပြီဟု ရုရှားနိုင်ငံ နျူကလီးယားစမ်းသပ်ရေးဌာန အကြီးအကဲက အင်္ဂါနေ့က ပြောကြားခဲ့သည်။
ရုရှားနိုင်ငံသည် ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲမီ ၁၉၉၀ ခုနှစ်ကတည်းက နျူလက်နက်စမ်းသပ်မှုများ မပြုလုပ်တော့သော်လည်း အနောက်နိုင်ငံများက ယူကရိန်းကို တာဝေးပစ်လက်နက်များ အသုံးပြုခွင့်ပေးပါက အဆိုပါနိုင်ငံများအား ဟန့်တားသည့်သဘောဆောင်သော သတင်းစကားကို တိုက်ရိုက်ပြောကြားခြင်းမဟုတ်သည့် ပုံစံတစ်မျိုးဖြင့်ပေးပို့ရန် သမ္မတ ဗလာဒီမာပူတင်က ညွှန်ကြားလာနိုင်ကြောင်း အနောက်နိုင်ငံနှင့် ရုရှားလေ့လာသုံးသပ်သူအချို့က ပြောသည်။ ရုရှားနိုင်ငံအတွင်းပိုင်းသို့ တိုက်ခိုက်ရန် အနောက်နိုင်ငံမှပေးအပ်မည့် တာဝေးပစ် ဒုံးကျည်များကိစ္စကို ဆွေးနွေးနေဆဲ ဖြစ်သည်။
အကယ်၍ ရုရှားကသာ နျူကလီးယားစမ်းသပ်မှုပြုလုပ်လာမည်ဆိုပါလျှင် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီး နှစ်များအတွင်း နျူကလီးယားစမ်းသပ်မှုများရပ်တန့်ခဲ့သည့် အင်အားကြီးနိုင်ငံများကြား နျူကလီးယားလက်နက်ပြိုင်ဆိုင်မှုအသစ်တစ်ရပ် ပေါ်ပေါက်လာရန်နှင့် တရုတ် သို့မဟုတ် အမေရိကန်ကဲ့သို့သော နိုင်ငံများကလည်း နျူကလီးယားစမ်းသပ်မှုများ လိုက်လံလုပ်ဆောင်ရန် တွန်းအားဖြစ်လာနိုင်သည်။
ရုရှား၏ နျူကလီးယားစမ်းသပ်မှုပြုလုပ်သည့်နေရာသည် အာတိတ်သမုဒ္ဒရာတွင်း ဝေးလံခေါင်သီသော နိုဗာယာဇမ်လျာ(Novaya Zemlya)ကျွန်းစုတွင် တည်ရှိပြီး ဆိုဗီယက်ပြည်ထောင်စုခေတ်ဖြစ်သည့် ၁၉၆၁ ခုနှစ်တွင် ကမ္ဘာ့အပြင်းထန်ဆုံး နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲခြင်းအပါအဝင် အခြားနျူစမ်းသပ်မှုပေါင်း ၂၀၀ ကျော် ပြုလုပ်ခဲ့သည့်နေရာဖြစ်သည်။ အနောက်နိုင်ငံသူလျှိုဂြိုလ်တုများကလည်း ထိုနေရာကို တောက်လျှောက်စောင့်ကြည့်နေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
