စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းသည် လာမည့် ၂၀၂၅ နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် လီဗာပူးလ်နောက်ခံကစားသမား အာနိုးလ်အပါအဝင် ပရီးမီးယားလိဂ်ထိပ်တန်းကစားသမား(၄) ဦးကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
အသက် (၂၅) နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမား အာနိုးလ်သည် ပြီးခဲ့သည့်နွေရာသီကလည်း ရီးယဲလ်အသင်းနှင့်သတင်းထွက်ခဲ့သူဖြစ်သည်။
လီဗာပူးလ်အသင်းနှင့် ချုပ်ဆိုထားသည့် အာနိုးလ်၏လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ရာ ရီးယဲလ်အသင်းအနေဖြင့် ၂၀၂၅ နွေရာသီတွင် ၎င်းကိုပြောင်းရွှေ့ကြေး အလွတ်ဖြင့် ခေါ်ယူနိုင်မည်ဖြစ်သည်။
ရီးယဲလ်အသင်းသည် ပြီးခဲ့သည့်နွေတွင် နာမည်ကျော်တိုက်စစ်မှူး ဘာပေကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့်ခေါ်ယူပြီးနောက် ၂၀၂၅ နွေရာသီတွင် ပြောင်းရွှေ့ကြေးအမြောက်အမြားအသုံးပြုဖွယ်ရှိနေကြောင်း The Independent သတင်းစာက ဖော်ပြခဲ့သည်။
The Independent ၏ဖော်ပြချက်အရ ရီးယဲလ်အသင်းသည် ၂၀၂၅ နွေရာသီတွင် အာနိုးလ်အပြင် ပရီးမီးယားလိဂ်ထိပ်တန်းကစားသမားဖြစ်သည့် မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီ၊ အာဆင်နယ်နောက်ခံကစားသမား ဆာလီဘာနှင့် စပါးနောက်ခံကစားသမား ရိုမဲရိုးတို့ကိုပါ ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။
ရီးယဲလ်အသင်း ခေါ်ယူလိုသည့် ပရီးမီးယားလိဂ်ထိပ်တန်းကစားသမား (၄) ဦးထဲတွင် ဖြစ်နိုင်ခြေအရှိဆုံးမှာ လီဗာပူးလ်နောက်ခံကစားသမား အာနိုးလ် ဖြစ်သည်။
သို့သော် လီဗာပူးလ်အသင်းသည် ယခုရာသီကုန်တွင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် အာနိုးလ်အား လက်လွှတ်ဖွယ်မရှိဘဲ စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။
စပိန်ကွင်းလယ်ကစားသမား ရိုဒရီ(၂၈ နှစ်)မှာ မန်စီးတီးအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး မန်စီးတီးအသင်းက ၎င်းကို ဒီဘရိုင်းနား၊ ဟာလန်းတို့ကဲ့သို့ ထိပ်တန်းလစာပေးကာ စာချုပ်သစ် ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။
အာဆင်နယ်နောက်ခံကစားသမား ဆာလီဘာ (၂၃ နှစ်)နှင့် စပါးနောက်ခံကစားသမား ရိုမဲရိုး (၂၆ နှစ်)တို့သည် သက်ဆိုင်ရာကလပ်အသင်းများ နှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး အသင်း၏အဓိကကစားသမားများဖြစ်သည်။
ထို့ကြောင့် ရီးယဲလ်အနေဖြင့် အဆိုပါကစားသမားများကိုခေါ်ယူရန်ခက်ခဲနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
