ရီးယဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်က အဝတ်လဲခန်းအတွင်း တင်းမာမှုမရှိကြောင်း ပြောကြားခဲ့သည်။
ဘာပေနှင့် အန်းဒရစ်တို့ ရောက်ရှိလာခြင်းကြောင့် ရိုဒရီဂိုမှာ အပယ်ခံကဲ့သို့ ခံစားနေရပြီး အသင်းအဝတ်လဲခန်းအတွင်း တင်းမာမှုများ ရှိနေသည်ဟု စပိန်မီဒီယာအချို့က ဖော်ပြနေကြသည်။
သို့သော် ဘယ်လင်ဂမ်က မီဒီယာများ ဖော်ပြနေသကဲ့သို့ အဆိုပါသတင်းများမှာ မဟုတ်မှန်ကြောင်းနှင့် အသင်းပြိုကွဲအောင် ရေးသားနေကြခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဘယ်လင်ဂမ်က "လူမှုကွန်ရက်မှာ တွေ့တာတွေ အများကြီးပါပဲ။ ဘာပေ ရောက်လာလို့ ရိုဒရီဂို နေရာပျောက်မယ်။ ဒါမှမဟုတ် ကျွန်တော် နေရာပျောက်မယ်ဆိုတာမျိုးတွေပေါ့။ ဒါတွေက ကျွန်တော်တို့အသင်းကို ပြိုကွဲအောင် ရေးသားနေကြတာပါ။ ဘာပေ ရောက်လာတယ်၊ ဗင်နီစီယပ်စ်၊ ရိုဒရီဂိုနဲ့ ကျွန်တော် ဆက်ဆံရေးကောင်းတွေ ရှိပါတယ်။ ကျွန်တော်တို့က အတွင်းရော အပြင်မှာပါ သူငယ်ချင်းတွေပါ။ စတုဂတ်နဲ့ပွဲမှာ ကျွန်တော်တို့ ဘယ်လိုကစားတယ်ဆိုတာကို မြင်ကြမှာပါ"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
