အာဆင်နယ်ဝါရင့်ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုက မိမိတို့အသင်းကစားသမားများအနေဖြင့် မန်စီးတီးတိုက်စစ်မှူး ဟာလန်း၏ယခု ရာသီခြေစွမ်းကိုကြည့်ပြီး ရယ်ရုံသာတတ်နိုင်ကြောင်း ဝန်ခံခဲ့သည်။
အာဆင်နယ်အသင်းသည် စက်တင်ဘာ (၂၂) ရက်(တနင်္ဂနွေနေ့)တွင် မန်စီးတီးအသင်းနှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ် ကစားရမည်ဖြစ်သည်။ အာဆင်နယ်အသင်း အနေဖြင့် အဆိုပါပွဲစဉ်တွင် မန်စီးတီး အသင်း၏ ယခုရာသီ ပရီးမီးယားလိဂ် ရာနှုန်းပြည့်နိုင်ပွဲဆက်မှုကို တားဆီးရန် ကြိုးပမ်းရမည်ဖြစ်သည်။
ယခုရာ သီ ပရီးမီးယားလိဂ်ပွဲစဉ် (၄) အပြီး ရာ နှုန်းပြည့်နိုင်ပွဲရထားသည့် မန်စီးတီး အသင်းတွင် တိုက်စစ်မှူး ဟာလန်းက အဓိက ခြေစွမ်းပြနေပြီး (၄) ပွဲ၌ (၉) ဂိုးထိ သွင်းယူထားသည်။ ဟာလန်း သည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ၎င်း၏မန်စီးတီးမှလွဲလျှင် ပြိုင်ပွဲဝင်အသင်းတိုင်းထက် ဂိုးပိုသွင်းထားသည်။
ထို့ကြောင့် ဂျော်ဂျင်ဟိုက မိမိတို့အာဆင်နယ်ကစားသမားများအနေဖြင့် ဟာလန်း၏ယခုရာသီခြေစွမ်းကိုကြည့်ပြီး ရယ်ရုံသာတတ်နိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
"ဟာလန်း ဂိုးသွင်းပြန်ပြီ။ ဟာလန်းရဲ့ ခြေစွမ်းကိုကြည့်ပြီး ကျွန်တော်တို့ ရယ်ရုံပဲတတ်နိုင်ပါတော့တယ်။ မန်စီးတီးအသင်းရဲ့ရလဒ်တွေကို ကျွန်တော်တို့ကြည့်ပါတယ်။ မန်စီးတီးရလဒ်ပဲ မဟုတ်ပါဘူး။ အသင်းတိုင်းရဲ့ ရလဒ်ကို ကြည့်တာပါ။ ဒါက ကျွန်တော် တို့ အလုပ်ပါ"ဟု ၎င်းကဆိုခဲ့သည်။
ထို့ပြင် ဂျော်ဂျင်ဟိုက မိမိတို့အာဆင်နယ်အသင်းအနေဖြင့် မန်စီးတီးကို အနိုင်ကစားမည်ဟုလည်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
