ဝက်ကင်စ်၏ဒဏ်ရာမှာ စိုးရိမ်စရာမရှိကြောင်း အမ်မရီ ဆို
24htopnews | September 19, 2024 6:12 PM CST
အက်စတွန်ဗီလာနည်းပြ အမ်မရီက ယန်ဘွိုင်းစ်နှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် အသင်းတိုက်စစ်မှူး ဝက်ကင်စ်အတွက် စိုးရိမ်စရာမရှိကြောင်း ပြောကြားခဲ့သည်။
အင်္ဂါညက ချန်ပီယံလိဂ်ပွဲစဉ် ယန်ဘွိုင်း (၀-၃) အက်စတွန်ဗီလာပွဲတွင် ဝက်ကင်စ်သည် ပွဲချိန် (၆၀) မိနစ်တွင် ဒူရန်နှင့် လူစားလဲခဲ့ရသည်။
ထို့ပြင် အရန်ခုံတန်းသို့ ရောက်ရှိချိန်တွင် ဝက်ကင်စ်အနေဖြင့် ခြေချင်းဝတ်အား ရေခဲထုပ် ကပ်ထားသည်ကို မြင်တွေ့ခဲ့ရသည်။
သို့သော် အက်စတွန်ဗီလာနည်းပြ အမ်မရီက ''သူ အဆင်ပြေပါတယ်။ ခြေစွမ်းလည်း ပြခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ သူ့ကို တခြားကစားသမားတွေလိုပဲ လူစားလဲခဲ့တာပါ''ဟု ပြောကြားခဲ့သည်။
ဝက်ကင်စ်သည် စနေနေ့ကစားမည် ဝုလ်ဗ်နှင့်ပွဲတွင် ပါဝင်ကစားဖွယ်ရှိကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
