ဘောလုံးသမားဘဝမှ အနားယူပါက မော်ဒယ်လုပ်နိုင်သည်ဟု ဒက်ကလန်ရိုက်စ် ဖွင့်ဟ
24htopnews | September 19, 2024 6:12 PM CST
အာဆင်နယ်ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်က ဘောလုံးသမားဘဝမှ အနားယူပါက မော်ဒယ်လုပ်နိုင်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
အင်္ဂလန်ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်(၂၅ နှစ်)သည် စက်တင်ဘာ (၁၆) ရက်က အီးမရိတ်စ်ကွင်းတွင် ပြုလုပ်သည့် လန်ဒန်ဖက်ရှင်ပွဲတွင် မော်ဒယ်အဖြစ် ပါဝင်ခဲ့သည်။
ယင်းလန်ဒန်ဖက်ရှင်ပွဲတွင် ပါဝင်ပြီးနောက် ဒက်ကလန်ရိုက်စ်က ''ဒီအလုပ်က အခုအချိန်မှာ ကျွန်တော် ဘောလုံးသမားဘဝက အနားယူရင် လုပ်နိုင်တဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ မော်ဒယ်အလုပ်နဲ့ ပတ်သက်ပြီး ကျွန်တော် သေချာမသိပါဘူး။ ဒါပေမဲ့ အခုလိုလုပ်ရတာကို ကျွန်တော် သဘောကျပါတယ်။ ဖက်ရှင်ကိုလည်း ကျွန်တော် နှစ်သက်ပါတယ်''ဟု ပြောကြားခဲ့သည်။
ဒက်ကလန်ရိုက်စ်သည် အာဆင်နယ်အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
