အင်တာမီလန်အသင်းသည် အာဂျင်တီးနားတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကို အသင်းခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့သည်။
ပြီးခဲ့သည့်ရာသီက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူ ၀ါရင့်ဂိုးသမား ဟန်ဒါနိုဗစ်၊ ဒုတိယအသင်းခေါင်းဆောင်ဖြစ်သူ ဒီအမ်ဘရိုဆီယိုနှင့် တတိယအသင်းခေါင်းဆောင်ဖြစ်သူ ဘရိုဇိုဗစ်တို့ သုံးဦးစလုံး ယခုနွေရာသီတွင် ထွက်ခွာသွားသဖြင့် အသင်းခေါင်းဆောင်သစ် ရွေး ချယ်ခဲ့ရခြင်းဖြစ်သည်။
အသက်(၂၅) နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင် ကြယ်ပွင့်ကစားသမား လော်တာရိုမာတီနက်ဇ်သည် ပြီးခဲ့သည့်ရာသီ၌ စတုတ္ထအသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။
ထို့ပြင် အင်တာမီလန်အသင်းသည် အီတလီ လက်ရွေးစင်ကွင်းလယ်လူ ဘာရယ်လာ (၂၆ နှစ်) ကိုလည်း ဒုတိယအ သင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။
"အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ရတယ်ဆိုတာ အသင်းအတွက်ရော၊ အဝတ်လဲခန်းထဲမှာရော ပိုပြီးတော့ တာဝန်ကြီးလာပါတယ်။ ဒါပေမဲ့ အရင်ကတည်းက ကျွန်တော်က အသင်းဖော်တွေကို ကူညီဖို့ အမြဲစဉ်းစားနေသူဖြစ်ပြီး ဒီတာဝန်ကို ကောင်းကောင်းယူနိုင်မှာပါ"ဟု လော်တာရိုမာတီနက်ဇ်က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
