ချယ်လ်ဆီးအသင်းသည် ရိုးမားအသင်း၏ အာဂျင်တီးနားတိုက်စစ်မှူး ပေါ်လိုဒီဘားလားအား ခေါ်ယူရန် ကြိုးစားနေသော်လည်း ဒီဘားလားသည် ရိုးမားအသင်းနှင့် စာချုပ်သစ်ချုပ်ဆို နိုင်ရန် နီးစပ်နေပြီဖြစ်သောကြောင့် လက်လျှော့ရဖွယ်ရှိနေကြောင်း သိရှိရသည်။
စာချုပ်သစ်ချုပ်ဆိုပြီးပါက ဒီဘားလား၏ လျော်ကြေးစာချုပ်မှာ ပိုမြင့်မားလာမည်ဖြစ်သလို၊ ခေါ်ယူရန် ပိုမိုခက်ခဲသွားမည့် အခြေအနေလည်း ဖြစ်သည်။
ချယ်လ်ဆီးအသင်း၏ နည်းပြဖြစ်သူ ပိုချက်တီနိုသည် တစ်နိုင်ငံတည်းသားဖြစ်သူ ဒီဘားလားအား အလွန်သဘောကျသူဖြစ်ပြီး ၂၀၁၉ ခုနှစ်က စပါးအသင်းတွင် နည်းပြနေချိန်တွင်လည်း ဒီဘားလားကို ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသူဖြစ်သည်။
ဒီဘားလားကို ခေါ်ယူရန်အတွက် ရိုးမားအသင်းနှင့် မူလချုပ်ဆိုထားသည့် လျော်ကြေး စာချုပ်မှာ (၂) ခုရှိပြီး ပြည်ပ ကလပ်အသင်းများသို့ ပြောင်းရွှေ့မည်ဆိုပါက ယူရို (၁၂)သန်းသာ တန်ကြေးရှိကြောင်းလည်း သိရှိရသည်။
ယင်းအတွက်ကြောင့် ချယ်လ်ဆီးအသင်းသည် စာချုပ်လျော်ကြေးပေးကာ ခေါ်ယူရန် ကြိုးပမ်းနေသော်လည်း ဒီ ဘားလားက ရိုးမားအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
