PSG အသင်းတိုက်စစ်မှူး ဘာပေနှင့် ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းမှုရရှိထားသော်လည်း ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းတာဝန်ရှိသူများနှင့် ပါရီမြို့၌ တွေ့ဆုံဆွေးနွေးရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။
ပြင်သစ်အားကစားသတင်းစာ L'Equipe ၏ ဖော် ပြမှုအရ အယ်လ်ဟီလာအသင်းတာဝန်ရှိသူများသည် ဗုဒ္ဓဟူးနေ့တွင် ပါရီမြို့၌ ဘာပေနှင့်ဆွေးနွေးရန် စီစဉ်ထားသော်လည်း ကစားသမားဘက်မှ ငြင်းဆန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အယ်လ်ဟီလာအသင်းသည် အသက် (၂၄) နှစ်အရွယ် ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူး ဘာပေကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀၀ (ပေါင် ၂၅၉ သန်း) ဖြင့် ကမ်းလှမ်းထားသောကြောင့် PSG အသင်းမှ ကစားသမားနှင့် ဆွေးနွေးရန် ခွင့်ပြုထားခြင်းဖြစ်သည်။
သို့သော် ဘာပေအနေဖြင့် ဆော်ဒီလိဂ်ပြိုင်ပွဲသို့ ပြောင်းရွှေ့ရန် ဆန္ဒမရှိသောကြောင့် ငြင်းဆန်ခြင်းဖြစ်ကြောင်း L'Equipe သတင်းစာက ဖော်ပြခဲ့ပြီး PSG အသင်းကမူ အတည်ပြုခြင်းမရှိကြောင်း သိရသည်။
အယ်လ်ဟီလာအသင်းအနေဖြင့် ဘာပေအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းထားသလို တစ်ရာသီအတွက် လစာ ယူရိုသန်း (၇၀၀) အထိပေးချေရန် စီစဉ်ထားကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
အဆိုပါကမ်းလှမ်းမှုအရ ဘာပေအနေဖြင့် အယ်လ်ဟီလာအသင်းသို့ ပြောင်းရွှေ့ပါက တစ်စက္ကန့်လျှင် ၂၂ ယူရို၊ တစ်မိနစ်လျှင် ၁၃၃၂ ယူရို၊ တစ်နာရီလျှင် ၇၉၉၀၀ ယူရို၊ တစ်ရက်လျှင် ယူရို ၁.၉ သန်း၊ တစ်ပတ်လျှင် ယူရို ၁၃.၃ သန်း၊ တစ်လလျှင် ယူရို ၅၈.၃၃ သန်းအထိ ရရှိနိုင်ကြောင်း သိရသည်။
အပြောင်းအရွှေ့ကျွမ်းကျင်သူ အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုကမူ အယ်လ်ဟီလာအသင်း၏ ကမ်းလှမ်းမှုမှာ အသားတင်လစာ ယူရိုသန်း (၂၀၀) သာဖြစ်ပြီး ပုံရိပ်အသုံးပြုခအပါအဝင် အခြားဝင်ငွေများကို ထည့်တွက်လျှင် ယူရို သန်း (၇၀၀) ရရှိမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
