ရန်ကုန်ယူနိုက်တက်အသင်းသည် လစ်လပ်လျက်ရှိသည့် နည်းပြချုပ်နေရာအတွက် မြန်မာ့လက်ရွေးစင်အသင်းနည်းပြဟောင်းဖြစ်သူ ဂျာမနီနိုင်ငံသား ဂတ်ဖရိုင်းဒရစ်ကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ဂတ်ဖရိုင်းဒရစ်သည် မြန်မာ့ဘောလုံးလောကတွင် နာမည်ရခဲ့သူဖြစ်ပြီး မြန်မာ ယူ-၁၉ အသင်းကို ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။
ထို့ပြင် မြန်မာ့လက်ရွေးစင်အသင်းကို ၂၀၁၅ နှစ်ကုန်ပိုင်းမှ ၂၀၁၈ ခုနှစ်အထိ ကိုင်တွယ်ခဲ့သည်။
ဂတ်ဖရိုင်းဒရစ်သည် သြဂုတ်ပထမပတ်မှ ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ် သောကြောင့် ဇူလိုင် (၃၁)ရက်တွင် ကစားရမည့် MNL ပွဲစဉ် (၁၄) ဖြစ်သော ရခိုင်ယူနိုက်တက် အသင်းနှင့်ပွဲကို ယာယီနည်းပြချုပ်အဖြစ် ဦးတင်မောင်ထွန်းက ကိုင်တွယ်သွားမည်ဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ဇူလိုင် (၂၅)ရက်တွင် ယခင်နည်းပြချုပ်ဟောင်း ဦးကျော်ဒွန်းနှင့် နှစ်ဦးသဘောတူလမ်းခွဲခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
