ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီ၌ ဥရောပထိပ်တန်းလိဂ်များတွင် အကယ်ဒမီထွက်ကစားသမားများကို ပွဲကစားခွင့်အပေးဆုံးအသင်းများအဖြစ် ပရီးမီးယားလိဂ်ထိပ်သီးများဖြစ်သည့် ချယ်လ်ဆီးနှင့် အာဆင်နယ်အသင်းတို့က ထိပ်ဆုံးတွင် ရပ်တည်ခဲ့ကြောင်း သိရသည်။
PA သတင်းအေဂျင်စီက ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီအတွင်း ဥရောပထိပ်တန်းလိဂ်များတွင် ကလပ်အသင်းများအနေဖြင့် အကယ်ဒမီထွက်ကစားသမားများ အသုံးပြုမှုကို တွက်ချက်ကာ စစ်တမ်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယင်းစစ်တမ်းအရ ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီက ပရီးမီးယားလိဂ်တွင် အသင်းအကယ်ဒမီထွက်ကစားသမားများကို (၂၁၀၃၁) မိနစ်နှင့် (၄၄) စက္ကန့်အထိ နေရာပေးအသုံးပြုခဲ့ကြောင်း သိရှိရသည်။
ဒုတိယနေရာတွင် အာဆင်နယ်အသင်းက (၂၁၀၃၁) မိနစ်နှင့် (၇)စက္ကန့်ဖြင့် ရပ်တည်နေပြီး ထိပ်ဆုံးမှ ချယ်လ်ဆီးအသင်းနှင့် (၃၇) စက္ကန့်သာ ကွာဟခဲ့ကြောင်း သိရသည်။
PA သတင်းအေဂျင်စီသည် ယခုစစ်တမ်းကို ၂၀၁၈ -၁၉ ရာသီတွင် စတင်ပြုလုပ်ခဲ့ပြီး နှစ်စဉ်နှစ်တိုင်း အကယ်ဒမီထွက်ကစားသမားများကို ပွဲကစားခွင့်အပေးဆုံးအသင်းအဖြစ် ရပ်တည်လေ့ရှိသည့် မန်ယူအသင်းမှာ ပြီးခဲ့သည့်ရာသီက အဆင့် (၄)နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။
မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီက အကယ်ဒမီထွက်ကစားသမားများကို (၁၈၅၃၂)မိနစ်နှင့် (၃၉)စက္ကန့် အသုံးပြုခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီအတွင်း အကယ်ဒမီထွက်ကစားသမားများကို ပွဲကစားခွင့်အပေးဆုံးထိပ်ဆုံး (၁၀) သင်းတွင် ပရီးမီးယားလိဂ်မှ (၈)သင်းအထိ ပါဝင်ခဲ့ပြီး နယ်သာလန်လိဂ်နှင့် ပေါ်တူဂီလိဂ်တို့မှ (၁) သင်းစီ ပါဝင်ခဲ့ကြောင်း PA သတင်းအေဂျင်စီ၏စစ်တမ်းအရ သိရှိရသည်။
၂၀၂၂-၂၃ ရာသီ၌ အကယ်ဒမီထွက်ကစားသမား များကို ပွဲကစားခွင့်အပေးဆုံး (၁၀) သင်း
အသင်း(နိုင်ငံ) အကယ်ဒမီထွက်ပွဲကစားခွင့်ပေးမှု
ချယ်လ်ဆီး (အင်္ဂလန်) ၂၁၀၃၁ မိနစ်၊ ၄၄ စက္ကန့်
အာဆင်နယ် (အင်္ဂလန်) ၂၁၀၃၁ မိနစ်၊ ၇ စက္ကန့်
မန်စီးတီး (အင်္ဂလန်) ၁၉၄၅၇ မိနစ်၊ ၅၀ စက္ကန့်
မန်ယူ (အင်္ဂလန်) ၁၈၅၃၂ မိနစ်၊ ၃၉ စက္ကန့်
ဆောက်သမ်တန် (အင်္ဂလန်) ၁၆၅၆၉ မိနစ်၊ ၃၉ စက္ကန့်
အေဂျက်စ် (နယ်သာလန်) ၁၃၄၃၈ မိနစ်၊ ၃ စက္ကန့်
လီဗာပူးလ် (အင်္ဂလန်) ၁၂၇၃၅ မိနစ်၊ ၃၈ စက္ကန့်
စပါး (အင်္ဂလန်) ၁၂၂၆၈ မိနစ်၊ ၃၅ စက္ကန့်
နော်တင်ဟမ်ဖောရက်စ် (အင်္ဂလန်) ၁၁၅၂၂ မိနစ်၊ ၁၇ စက္ကန့်
ဘင်ဖီကာ (ပေါ်တူဂီ) ၁၁၃၆၄ မိနစ်၊ ၃၇ စက္ကန့်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
