ပရီးမီးယားလိဂ် သို့မဟုတ် ချန်ပီယံလိဂ်ပွဲများကို အမေရိကတွင် လာျရာက်ကစားစေချင်ကြောင်း နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူး ဖီးလ်မာဖီက ဖိတ်ခေါ်ခဲ့သည်။
ဇူလိုင်လ(၂၂) ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အာဆင်နယ်-မန်ယူ ရာသီကြိုခြေစမ်းပွဲကို ပရိသတ် (၈၂၀၀၀)ဦး လာရောက် ကြည့်ရှုခဲ့ပြီး ယင်းပွဲပြီးနောက် မာဖီက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အင်္ဂလိပ်ဘောလုံးအနေဖြင့် ရွေးချယ်ခွင့်ရှိသည့်အနေအထားတစ်ခုကို စဉ်းစားသင့်ကြောင်း မာဖီက မှတ်ချက်ပြုသွားခဲ့သည်။
''စစ်မှန်တဲ့ ပြိုင်ပွဲ ပွဲစဉ်တစ်ပွဲ အမေရိကရဲ့ ဘယ်နေရာမှာ ကစားတာဖြစ်ဖြစ် ရှိလာခဲ့ရင်တော့ ကျွန်တော်တို့ သေမတတ်ဖြစ်သွားနိုင်တယ်။ နယူးယောက်/နယူးဂျာစီမှာ ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲ ကစားတာမျိုးပေါ့။ ဒါက အရာရာကို လွှမ်းမိုးသွားနိုင်တယ်။ ဥရောပမှာရှိတဲ့ ဘောလုံးကလပ်တွေဟာ ဖြစ်ကတတ်ဆန်း မလုပ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ယူနိုက်တက်နဲ့ အာဆင်နယ်ပွဲက ကောင်းမွန်တဲ့ အမှတ်တံဆိပ်တစ်ခုအဖြစ် ကျွန်တော် ယူဆပါတယ်။ သူတို့ရဲ့ အကောင်းဆုံးကစားသမားတွေကို ထည့်သွင်းကစားခဲ့ကြတယ်။ နယူးယောက်/နယူးဂျာစီမှာ ပရိသတ် (၈၂၀၀၀)လောက် လာကြည့်တယ်။ ဘာစီလိုနာက ရီးယဲလ်မက်ဒရစ်နဲ့ ပုံမှန်ရာသီပွဲစဉ်ကို နယူးဂျာစီမှာ ကစားတာမျိုး ဒါမှမဟုတ် ချန်ပီယံလိဂ်ပွဲတစ်ပွဲကိုပေါ့။ ဒီလိုဖြစ်လာမယ်လို့ ကျွန်တော် တွေးထားပါတယ်''ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး မာဖီက ပြောကြားခဲ့သည်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)သည် မကြာသေးမီနှစ်များက ပရီးမီးယားလိဂ် ပွဲစဉ် ၃၉ ကို ပြည်ပတွင် ကစားမည့်အစီအစဉ် ဖြစ်မြောက်လာရန် ကြိုးပမ်းခဲ့သော်လည်း အကောင်အထည်မပေါ်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
