ကာဂလီယာရီမှာ ၎င်းအတွက် နောက်ဆုံးကလပ်ဖြစ်နိုင်သည်ဟု ရာနီရေးရီ ဝန်ခံ
24htopnews | September 19, 2024 7:12 PM CST
ကာဂလီယာရီနည်းပြ ရာနီရေးရီက ကာဂလီယာရီအသင်းမှာ ၎င်းကိုင်တွယ်သည့် နောက်ဆုံးကလပ်ဖြစ်နိုင်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
အသက် (၇၁) နှစ်အရွယ်ရှိ ရာနီရေးရီသည် နည်းပြဘဝတွင် ကလပ်အသင်းများစွာကို ကိုင်တွယ်ခဲ့ပြီး ၂၀၁၅-၁၆ ရာသီတွင် လက်စတာအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။
ရာနီရေးရီက ''ကျွန်တော့်ရဲ့နည်းပြဘဝကို ကာဂလီယာရီမှာပဲ အဆုံးသတ်မယ်ထင်ပါတယ်။ ခြွင်းချက်အနေနဲ့ နိုင်ငံအသင်းကောင်းတစ်သင်းက ကမ်းလှမ်းလာရင်တော့ နည်းပြအလုပ်ကို ဆက်လုပ်ဖြစ်လောက်ပါတယ်။ ဂရိနည်းပြရာထူးက ထွက်ခွာခဲ့ရတုန်းက ကျွန်တော် ဝမ်းနည်းခဲ့ရပါတယ်''ဟုဆိုခဲ့သည်။
ရာနီရေးရီသည် ကာဂလီယာရီနှင့် ၂၀၂၅ အထိ စာချုပ်ချုပ်ဆိုထားသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
