ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းက ပြင်သစ်တိုက်စစ်မှူး ဘာပေအား ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို သန်း(၃၀၀)ဖြင့် ကမ်းလှမ်းထားသော်လည်း မိခင်ကလပ် PSG အသင်းသည် အခြားကမ်းလှမ်းမှုများကိုလည်း မျှော်လင့်နေကြောင်း သိရသည်။
PSG အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုမည်မဟုတ်ဟု အစောပိုင်းကတည်းက ကြေညာထားသူ ဘာပေသည် ဂျပန်နှင့် တောင်ကိုရီးယားသို့ ရာသီကြိုခြေစမ်းခရီးစဉ် သွားရောက်လျက်ရှိသည့် PSG အသင်းလူစာရင်းတွင် ရွေးချယ်ခံရခြင်းမရှိကြောင်း သိရသည်။
အသင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက PSG အသင်းသည် ၎င်းတို့ကြိုက်နှစ်သက်သည့် ကစားသမားကို အလဲအလှယ်ပြုလုပ်မည့်ပုံစံဖြင့် ကမ်းလှမ်းမှုမျိုး မျှော်လင့်နေသည်ဟုလည်း ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်ထိပ်သီးကလပ်များဖြစ်သည့် မန်ယူ၊ ချယ်လ်ဆီးနှင့် စပါးအသင်းများအပြင် အင်တာမီလန်၊ ဘာစီလိုနာစသည့်အသင်းများမှလည်း ဘာပေကို ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိသည်။
PSG အသင်းအနေဖြင့် ဘာပေကို သြဂုတ်လ(၁) ရက်မတိုင်မီ ရောင်းချနိုင်ခြင်းမရှိလျှင် စာချုပ်ကို သစ္စာစောင့်သိကြေး Loyalty Bouns အဖြစ် ကစားသမားဖြစ်သူထံ ယူရို သန်း(၆၀)ပေးချေရမည်ဖြစ်ပြီး ယင်းငွေကို အရစ်ကျခွဲပေးရမည်ဖြစ်သည်။
ဘာပေသည် ဆော်ဒီလိဂ်သို့ ပြောင်းရွှေ့ရန် ဆန္ဒမရှိသလို၊ PSG အသင်းတွင် လက်ကျန်စာချုပ်သက်တမ်းတစ်နှစ်ကို ဆက်နေပြီးမှ လာမည့်နှစ်နွေရာသီတွင် လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့ရန် စီစဉ်ထားခြင်းဖြစ်သည်။
ဘာပေသည် ရီးယဲလ်အသင်းနှင့်လည်း ယင်းအပြောင်းအရွှေ့အတွက် သဘောတူထားပြီးဖြစ်သည်ဟု PSG အသင်းက ယုံကြည်လျက်ရှိသည်။
ဘာပေအနေဖြင့် လာမည့်နှစ်တွင် PSG အသင်းမှ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာနိုင်လျှင် ရီးယဲလ်အသင်းတွင် လက်မှတ်ထိုးကြေး ယူရို သန်း (၁၆၀) နီးပါး ရရှိနိုင်သည်ဟုလည်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
လက်ရှိတွင် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်နေသည့် PSG အသင်းနည်းပြဟောင်း ပိုချက်တီနိုကမူ ဘာပေနှင့်သတင်းများကို ငြင်းဆန်ခဲ့ပြီး PSG နှင့် ဘာပေအကြား နှစ်ဦးနှစ်ဖက် ပြဿနာပြေလည်သွားရန်သာ မျှော်လင့်ကြောင်း မှတ်ချက်ပြုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
