အင်တာမီလန်နည်းပြ ဆီမြွန်နီအင်ဇာဂီက ရာသီသစ်အတွက် မိမိတို့အသင်း၏ အဓိကရည်မှန်းချက်မှာ စီးရီးအေချန်ပီယံဆုကို ရယူရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
အင်တာမီလန်အသင်းသည် ၂၀၂၀-၂၁ ရာသီတွင် စီးရီးအေချန်ပီယံဆုကို ရယူပြီးနောက် ၂၀၂၁-၂၂ ရာသီတွင် ဒုတိယနှင့် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီတွင် တတိယသာ ရရှိခဲ့သည်။
သို့သော် အင်တာမီလန်အသင်းသည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီတွင် ၂၀၀၉-၁၀ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲတွင် မန်စီးတီးအသင်းကို (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ဆီမြွန်နီအင်ဇာဂီက လာမည့်ရာသီသစ်တွင် ဥရောပအောင်မြင်မှုများ ရယူလိုသလို၊ စီးရီးအေချန်ပီယံကိုလည်း ရယူရန် အဓိကပစ်မှတ်ထားနေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက ''ကျွန်တော်တို့ ဥရောပမှာလည်း အောင်မြင်ချင်ပါတယ်။ ဒါပေမဲ့ ဒါက အရမ်းခက်မှာပါ။ ရာသီသစ်မှာ ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်က စီးရီးအေချန်ပီယံဆုကို ရယူဖို့ပါပဲ။ အဲဒီအတွက်လည်း ကျွန်တော်တို့ အကောင်းဆုံးပြင်ဆင်နေပါတယ်''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
