ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်းများထဲတွင် ပရိသတ်အားပေးမှုအကောင်းဆုံးကွင်းအဖြစ် လီဗာပူးလ်အသင်း၏ အန်ဖီးလ်ကွင်းကို ပရီးမီးယားလိဂ်ပရိသတ်များက မဲပေးရွေးချယ်ခဲ့ ကြကြောင်း စစ်တမ်းတစ်ရပ်အရ သိရှိရသည်။
Sky Bet က ဦးဆောင်ကာ Fan Hope Survey ပြုလုပ်ခဲ့ပြီး ၂၀၂၃-၂၄ ပရီးမီးယားလိဂ်ရာသီသစ်အတွက် ပရိသတ်များ၏ မျှော်လင့်ချက်၊ အမြင်နှင့် ဖြစ်နိုင်ခြေများကို မေးမြန်းခဲ့ကြောင်း သိရှိရသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်းများထဲတွင် ပရိသတ်အားပေးမှုအကောင်းဆုံးကွင်းနှင့် အဆိုးဆုံးကွင်းများကို မဲပေးရွေးချယ်စေခဲ့ရာ လီဗာပူးလ်အသင်း၏ အိမ်ကွင်း အန်ဖီးလ်မှာ ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း သိရှိရသည်။
ပရီးမီးယားလိဂ်ပရိသတ် (၂၇) ရာခိုင်နှုန်းသည် လီဗာပူးလ်အသင်း၏ အန်ဖီးလ်ကွင်းကို ပရိသတ်အားပေးမှုအကောင်းဆုံးကွင်းအဖြစ် ရွေးချယ်ခဲ့ပြီး (၃) ရာခိုင်နှုန်းကမူ အဆိုးဆုံးအဖြစ် မဲပေးခဲ့ကြောင်း သိရသည်။
လီဗာပူးလ်အသင်းနောက်တွင် နယူးကာဆယ်အသင်း၏အိမ်ကွင်း စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းက ဒုတိယအကောင်းဆုံးအဖြစ် ရပ်တည်နေသည်။
စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းကို ပရိသတ်အားပေးမှုအကောင်းဆုံးအဖြစ် ပရိသတ် (၁၆)ရာခိုင်နှုန်းက မဲပေးခဲ့ပြီး (၁) ရာခိုင်နှုန်းကမူ အဆိုးဆုံးအဖြစ် မဲပေးခဲ့ကြောင်း သိရသည်။
မန်ယူအသင်း၏ နာမည်ကျော် အိုးလ်ထရက်ဖို့ဒ်ကွင်းမှာမူ ပရိသတ် (၁၀)ရာခိုင်နှုန်း၏ မဲပေးမှုဖြင့် ပရီးမီးယားလိဂ်တွင် ပရိသတ်အားပေးမှုတတိယအကောင်းဆုံးကွင်းအဖြစ် ရပ်တည်နေသည်။
သို့သော် အိုးလ်ထရက်ဖို့ဒ်ကွင်းကို ပရိသတ်အားပေးမှုအဆိုးဆုံးအဖြစ် ပရိသတ် (၄) ရာခိုင်နှုန်းက မဲပေးခဲ့ကြောင်းလည်း သိရှိရသည်။
ပရီးမီးယားလိဂ်တွင် ပရိသတ်အားပေးမှုအကောင်းဆုံးနှင့် အဆိုးဆုံးကွင်းအဖြစ် မဲပေးရွေးချယ်ရာတွင် လီဗာပူးလ်၊ နယူးကာဆယ်၊ မန်ယူနှင့် ခရစ္စတယ်ပဲလေ့စ်အသင်းတို့သာ အဆိုးရွားဆုံးထက် အကောင်းဆုံးရွေးချယ်မှုတွင် အသာရခဲ့ပြီး အာဆင်နယ်၊ မန်စီးတီး၊ အက်စတွန်ဗီလာအသင်းတို့မှာမူ အကောင်းဆုံးနှင့် အဆိုးဆုံးရွေးချယ်မှုတွင် မျှတမှုရှိခဲ့ကြောင်း သိရသည်။
ကျန်ပရီးမီးယားလိဂ်အသင်းများမှာမူ ပရိသတ်အားပေးမှု အကောင်းဆုံးနှင့် အဆိုးဆုံးရွေးချယ်မှုတွင် အနုတ်ထွက်ခဲ့ကြောင်း သိရှိရသည်။
ပရီးမီးယားလိဂ်ပရိသတ်အဆိုးဆုံးအားပေးသည့်ကွင်းအဖြစ် ဝက်စ်ဟမ်းအသင်း၏ London Stadium က ရပ်တည်နေသည်။
ပရီးမီးယားလိဂ်ပရိသတ် (၁၃) ရာခိုင်နှုန်းက London Stadium ကို ပရိသတ်အားပေးမှုအဆိုးဆုံးအဖြစ် ရွေးချယ်ခဲ့ပြီး၊ အကောင်းဆုံးရွေးချယ်သူ (၃) ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
