မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ သီးခြားဖွဲ့စည်းထားသည့် သဘာဝဘေးသင့်ပြည်သူများ ပံ့ပိုးကူညီရေးကော်မတီက ယနေ့ စက်တင်ဘာ(၁၉)ရက်တွင် တောင်ငူနှင့် တပ်ကုန်းဒေသရှိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၃,၀၀၀) အတွက် စားနပ်ရိက္ခာများ စတင်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကော်မတီအနေဖြင့် ယနေ့ နံနက်ပိုင်းတွင် ရေဘေးသင့်ပြည်သူများထံသို့ စတင်
ထွက်ခွာနေပြီး၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေးကာ မည်သည့်ဒေသ ၊မည်သို့သောထောက်ပံ့မှု လိုအပ်သည်ကို ကော်မတီမှ ပြန်လည်ဆွေးနွေးကာ ဆက်လက်ထောက်ပံ့သွားရန်ရှိသည်ဟု ဆိုသည်။
” ကျွန်တော်တို့ဒီနေ့ စထွက်ပါပြီ။ကျွန်တော်တို့ တစ်မိသားစု တစ်ပတ် ဆယ်ရက်စာ စားနိုင်မယ့် ဆန်တို့ဆီတို့ပေါ့။ မိသားစုသုံးထောင်စာလောက်လှူဒါန်းဖို့ရှိတယ်။ အခုက ပထမအကြိမ်ဆိုတော့ ဒေသခံတွေကို မေးမြန်းပြီး ဘာဒေသတွေမှာ ဘာတွေလိုအပ်တယ်ဆိုတာကို ကော်မတီက ဆုံးဖြတ်ပြီးနောက်ပိုင်းတွေဆက်လက် ထောက်ပံ့ကူညီဖို့ရှိပါတယ်”ဟု သဘာဝဘေးသင့်ပြည်သူများ ပံ့ပိုးကူညီရေးကော်မတီ ပြန်ကြားရေးတာဝန်ခံဦးဝင်းထွန်းစိုးက ပြောသည်။
ရေဘေးသင့်ပြည်သူများကို ကူညီရန် ယခုလ စက်တင်ဘာ (၁၄)ရက်၌ မြန်မာ နိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက နာယက(၅)ဦးပါဝင်သည့် အဖွဲ့ဝင်(၄၅)ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
