စစ်တောင်းမြစ်ရေ ဆက်လက်မြင့်တက်နိုင်သဖြင့် မြစ်ကမ်းနဘေး နေထိုင်ကြသူများ ရေဘေးလွတ်ရာသို့ ရှောင်ရှားကြရန် ယနေ့ စက်တင်ဘာ (၁၉) ရက် နံနက်ပိုင်း တိုင်းထွာရရှိချက်ကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ သတိပေးနှိုးဆော်ထားသည်။
ယနေ့ မိုး/ဇလ၏ အသိပေးချက်တွင် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၅)ပေခန့်ကျော်လွန်ရောက်ရှိနေပြီး၊ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း (၂)ပေခန့် ဆက်လက်မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်သည်ဟု အသိပေးထားသည်။
အလားတူ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့၏ စိုးရိမ်ရေမှတ်အထက် (၃)ပေခွဲ ကျော်လွန်ရောက်ရှိနေပြီး၊ အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း (၃)လက်မခန့်သာ ကျဆင်းနိုင်ပြီး စိုးရိမ်ရေမှတ်အထက်တွင် ဆက် လက်တည်ရှိနေမည်ဖြစ်ကြောင်း ဆိုသည်။
ယင်းအပြင် သံလွင်မြစ်ရေသည် လက်ရှိအချိန်တွင် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် (၁)ပေခွဲခန့်ကျော်လွန်ရောက်ရှိနေပြီး၊ အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း (၁)ပေခွဲခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေနိုင်ကြောင်း ဆိုသည်။
ထို့အပြင် ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲတွင် ရောက်ရှိနေပြီး ၊ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သတိပေးထားသည်။
ထို့ကြောင့် မဒေါက်မြို့ ၊ တောင်ငူမြို့၊ ရွှေကျင်မြို့နှင့် ဘားအံမြို့တို့ရှိ မြစ်ကမ်းနဘေး နေထိုင်ကြသူများအနေဖြင့် ရေဘေးလွတ်ရာ နေရာများသို့ရှောင်ရှားကြရန် သတိပေး နှိုးဆော်ထားသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
