သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ရေနစ်မြုပ်ခဲ့သည့် ကရင်ပြည်နယ်၊ ရွှေဂွန်းမြို့နယ်၊ ကော့လုံကျွန်းရှိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၁,၃၀၀) အတွက် ယနေ့ စက်တင်ဘာ (၁၉)ရက် နံနက်ပိုင်းတွင် စားနပ်ရိက္ခာများ သွားရောက်ကူညီထောက်ပံ့နေပြီဖြစ်ကြောင်း ဒေသခံ ရေဘေးကယ်ဆယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပေါ် ပြူလာနယူးစ်ကိုပြောသည်။
လက်ရှိတွင် ကော့လုံကျွန်းမှာ ရေတင်ကျန်နေသေးသည့် ကျေးရွာအချို့ရှိသလို ရေပြန်လည်ကျဆင်းသည့် ကျေးရွာအချို့လည်းရှိနေသေးကြောင်း ၎င်းက ဆိုသည်။
” ကော့လုံကျွန်းမှာက အပိုင်း ကိုးပိုင်းရှိတယ်။ အဲ့ဒီအထဲမှာ လေးပိုင်းလောက်ကတော့ ရေမြုပ်နေသေးတယ်။ ဒီနေ့ သွားထောက်ပံ့တာက စားသောက်စရာအစာခြောက်နဲ့ သောက်ရေပေါ့။”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် သံလွင်မြစ်ရေမှာ ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် (၁)ပေခွဲခန့်ကျော်လွန်ရောက်ရှိနေပြီး၊ နောက်တစ်ရက်အတွင်း (၁)ပေခွဲခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်ရှိနေမည်ဟု မိုး/ဇလက ယနေ့တွင်အသိပေးထားသည်။
ထို့ကြောင့် ဒေသတွင်း ရေဘေးကူညီရေးအဖွဲ့များက သံလွင်မြစ်ရေ၏ တက်ရေကျရေအပေါ် စောင့်ကြည့်နေကြကြောင်း ဆိုသည်။
လတ်တလော ဘားအံမြို့အတွင်းတွင်ပင် ရေပြန်လည်ကျဆင်းသည့် ရပ်ကွက်များရှိသလို သံလွင်မြစ်နဘေး နေထိုင်သည့် ရေမကျသေးသည့် ရပ်ကွက်အချို့လည်းရှိနေကြောင်း သိရသည်။
“ဘားအံကတော့ ရေကျတဲ့သူတွေ နေအိမ်ပြန်တာတွေရှိသလို အချို့ရေမကျသေးတဲ့မိသားစုတွေလည်း ကယ်ဆယ်ရေးစခန်းတွေမှာ ရှိနေပါသေးတယ်”ဟု ဒေသခံ ရေဘေးကယ်ဆယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
Photo credit – Karen Chit Nge





-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
