အင်တာမီလန်တိုက်စစ်မှူးဟောင်း အီကာဒီကို ခေါ်ယူရန် အေစီမီလန် ချိန်ရွယ်နေ
24htopnews | September 19, 2024 8:12 PM CST
အေစီမီလန်အသင်းသည် PSG အသင်းမှ အင်တာမီလန်တိုက်စစ်မှူးဟောင်း အီကာဒီကို ဇန်နဝါရီအပြောင်းအရွှေ့တွင် ခေါ်ယူရန် ချိန်ရွယ်နေကြောင်း သိရသည်။
အေစီမီလန်အသင်းသည် အီကာဒီကို အီဘရာဟီမိုဗစ်နှင့် တွဲဖက်ပေး၍ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်ရန် ရည်ရွယ်ခြင်းဖြစ်သလို၊ အနာဂတ်အတွက် ရေရှည်အသုံးပြုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
အီကာဒီသည် ပြီးခဲ့သည့်နွေရာသီကမှ PSG အသင်းသို့ အပြီးသတ် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သော်လည်း ၎င်း၏အေးဂျင့်အဖြစ် ဆောင်ရွက်နေသည့် ဇနီးဖြစ်သူဝမ်ဒါနာရာက အီတလီသို့ပြန်လာရန် ဆန္ဒရှိနေကြောင်း သိရသည်။
အီကာဒီသည် ပြီးခဲ့သည့်ရာသီတွင် PSG အသင်းအတွက် ပြင်သစ်လီဂူး ပွဲ ၂၀ ကစားပြီး ၁၂ ဂိုးသွင်းယူပေးခဲ့သလို၊ ယခုရာသီတွင်လည်း ၄ ပွဲ ကစားပြီး ၂ ဂိုးသွင်းယူပေးထားသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
