မန်ချက်စတာယူနိုက်တက် ၅-၀ လိုက်ပ်ဇစ်
မန်ယူအသင်းအတွက် ဒီရာသီ ပထမဆုံးအိမ်ကွင်းနိုင်ပွဲက မထင်မှတ်ဘဲ ဂိုးပြတ်သွင်းပြီး အောင်ပွဲခံနိုင်ခဲ့ပါတယ်။ မန်ယူအနေနဲ့ အုပ်စုတွင်းအဓိကပြိုင်ဘက်တွေဖြစ်တဲ့ PSG၊ လိုက်ပ်ဇစ်အသင်းတွေကို (၂)ပွဲဆက် အနိုင်ယူခဲ့တာဖြစ်လို့ ရှုံး ထွက်အဆင့်တက်ရောက်ဖို့လည်း အခြေအနေကောင်းသွားခဲ့တယ်။ ပရီးမီးယားလိဂ်ပွဲကျပ်တွေအကြားမှာ ကစားရတာဖြစ်လို့ နည်းပြ ဆိုးလ်ရှားရဲ့ပွဲထွက်လူစာရင်းမှာ အပြောင်းအလဲအနည်းငယ်ရှိခဲ့တယ်။ မန်ယူအသင်းက ပေါ့ဘာကို No.10 Role ထားပြီး ခင်းကျင်းခဲ့ပေမဲ့ ပေါ့ဘာက Box to Box ကစားခဲ့လို့ ၄-၃-၃ ပိုဆန်ခဲ့ပါတယ်။
အခုပွဲမတိုင်မီ လိဂ်ဖလားပွဲတစ်ပွဲသာ ပွဲထွက်ခွင့်ရထားတဲ့ ဗန်ဒယ်ဘိခ်က အံ့အားသင့်စရာတွေ လုပ်မပြနိုင်ခဲ့ပေမဲ့ အထိုက်အလျောက်တော့ အသင်းအတွက် အကျိုးဖြစ်ထွန်းစေခဲ့တယ်။ ကစားခွင့်ရတဲ့ (၆၇)မိနစ်အတွင်းမှာ အခွင့်အရေး (၂)ကြိမ် ဖန်တီးပေးခဲ့ပြီး ဘောလုံးပေးပို့တဲ့ (၂၈)ကြိမ်မှာ အောင်မြင်မှု (၈၉%)ရှိခဲ့ကာ ဘောလုံးပြန်ရရှိမှုကလည်း (၆)ကြိမ်ရှိခဲ့ပါတယ်။ အချက်အလက်တွေအရတော့ ဗန်ဒယ်ဘိခ်ရဲ့ခြေစွမ်းက သိပ်တော့မဆိုးခဲ့ပါဘူး။ မန်ယူအသင်းက (၂၁)မိနစ် မှာ ပေါ့ဘာရဲ့ဖန်တီးပေးပို့မှုကနေ ဂရင်းဝုဒ်သွင်းယူတဲ့ဂိုးနဲ့ ဦးဆောင်ခဲ့တာပါ။ ပထမပိုင်းကျန်မိနစ်တွေမှာ ဘွန်ဒစ်လီဂါဇယားထိပ်ဆုံးရောက် လိုက်ပ်ဇစ်အသင်းက ပိုလွှမ်းမိုးထားနိုင်ခဲ့တယ်။ ဒါပေမဲ့ လိုက်ပ်ဇစ်အသင်းရဲ့ Forward Line က မန်ယူနောက်တန်းကို သိပ်ဖိအားမပေးနိုင်ခဲ့ဘူး။ ဒီဟေးယားကလည်း အန်ကန်ကူရဲ့အပိုင်ကန်ချက်၊ ကိုနာတေရဲ့ခေါင်းတိုက်ချက်တွေကို ကာကွယ်သွားနိုင်ခဲ့တယ်။
မန်ယူအတွက်အပြောင်းအလဲက (၆၃)မိနစ်မှာ ဂရင်းဝုဒ်နဲ့ ဗန်ဒယ်ဘိခ်တို့နေရာမှာ ရပ်ရှ်ဖို့ဒ်၊ ဘရူနိုဖာနန်ဒက်စ်တို့ကို တစ်ပြိုင်နက် လူစားလဲခဲ့တာပါ။ ရပ်ရှ်ဖို့ဒ်ရဲ့ကြောက်ခမန်းလိလိတိုးအားကြောင့် လိုက်ပ်ဇစ်နောက်တန်း ပြိုဆင်းခဲ့ပြီး (၇၄၊ ၇၈၊ ၉၂)မိနစ်တွေမှာ (၃)ဂိုးသွင်းကာ Clinical Hat-trick ကို ရယူသွားခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်အနေနဲ့ ပထမဆုံးဟက်ထရစ် ရယူနိုင်ခဲ့တာဖြစ်သလို၊ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီက နော်တင်ဟမ်နဲ့ပွဲမှာ ဆိုးလ်ရှား လူစားဝင်ကာ (၄)ဂိုးသွင်းယူခဲ့ပြီးနောက် မန်ယူအသင်းရဲ့လူစားဝင်ကစားသမားတွေထဲက ပထမဆုံးဟက်ထရစ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ မန်ယူအသင်းရဲ့စတုတ္ထ မြောက်ဂိုးကိုတော့ မာစီယဲလ်က သူ့ကြောင့်ရတဲ့ ပယ်နယ်တီကို (၈၇)မိနစ်မှာ ကိုယ်တိုင်ကန်သွင်းခဲ့တာပါ။ လိုက်ပ်ဇစ်အသင်းကတော့ အခုရာသီ ပြိုင်ပွဲစုံ(၈)ပွဲမြောက်မှာ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
