နေမာသည် ၎င်း၏ ဘယ်ဘက်ပေါင်တွင် နာကျင်မှုဝေဒနာကို ခံစားခဲ့ရပြီး ပွဲချိန်(၂၆)မိနစ်တွင် ဆာရာဘီယာနှင့် လူစားလဲခဲ့ရသည်။
PSG အသင်း၏ အဓိကတိုက်စစ်ကစားသမား နေမာသည် ဘာရှက်ဆီဟီနှင့် ချန်ပီယံလိဂ်အုပ်စုပွဲတွင် ဒဏ်ရာရရှိခဲ့ပြီး ရက်အနည်းငယ် အနားယူရဖွယ်ရှိကြောင်း အသင်းနည်းပြ တူဟယ်လ်က အတည်ပြုပြောကြားခဲ့သည်။
နေမာသည် ၎င်း၏ ဘယ်ဘက်ပေါင်တွင် နာကျင်မှုဝေဒနာကို ခံစားခဲ့ရပြီး ပွဲချိန်(၂၆)မိနစ်တွင် ဆာရာဘီယာနှင့် လူစားလဲခဲ့ရသည်။
PSG အသင်းသည် လာမည့်(၁၀)ရက်အတွင်း နန့်စ်၊ ရန်းစ်တို့နှင့် ပြင်သစ်လီဂူး (၂)ပွဲ၊ လိုက်ပ်ဇစ်အသင်းနှင့် ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်(၁)ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
PSG နည်းပြ တူဟယ်လ်သည် အသင်းအတွက် အဓိကကစားသမားတစ်ဦးဖြစ်သလို၊ နောက်ဆုံး(၆)ပွဲတွင် (၂)ဂိုးသွင်း၊ (၃)ဂိုး ဖန်တီးကာ ခြေစွမ်းပြနေသည့် နေမာ အဆိုပါပွဲများတွင် မပါဝင်နိုင်မည်ကို စိုးရိမ်နေသည်။
တူဟယ်လ်က "သူ့ကို လူစားလဲဖို့ လိုအပ်ခဲ့ပါတယ်။ စမ်းသပ်စစ်ဆေးမှုကိုတော့ စောင့်ရပါဦးမယ်။ သူက အရမ်းကြီး နာကျင်ခဲ့တာတော့ မဟုတ်ပေမဲ့ သူ မသက်မသာ ဖြစ်ခဲ့ပါတယ်။ ကျပ်ညပ်နေတဲ့ ပွဲစဉ်တွေကြောင့် သူ့ကို ကျွန်တော်တို့ ပွဲအနည်းငယ်မှာ ဆုံးရှုံးရနိုင်ပါတယ်။ ကျွန်တော် သေချာတော့ မပြောနိုင်သေးဘူး။ ပေါင်တွင်းကြွက်သား ဒဏ်ရာရခဲ့တာဖြစ်ပြီး လာမယ့်စစ်ဆေးမှုတွေကို စောင့်ကြည့်ရပါဦးမယ်"ဟု ပွဲအပြီးတွင် မှတ်ချက်ပြုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
