ရှုံးပွဲမရှိသည့် ရုရှားနာမည်ကြီး MMA အားကစားသမား ခါဘိနူမာဂိုမီဒေါ့ဗ်သည် အောက်တိုဘာလ(၂၄) ရက်က အမေရိကန်နိုင်ငံသား ဂျပ်စတင်ဂေးချီကို ဒုတိယအချီတွင် ချုပ်ကွက်ဖြင့် အနိုင်ရပြီးနောက် ကစားသမားဘဝမှအနားယူကြောင်း ကြေညာခဲ့သော်လည်း နည်းပြဖြစ်သူက ဟာဗီယာမန်ဒက်ဇ်က သူ၏ကစားသမားသည် ဆုံးဖြတ်ချက်ကိုပြန်ပြင်ပြီး UFC သို့ ပြန်လာဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာ The Sun သို့ ထုတ်ဖော်ပြောကြားခဲ့သည်။
ကစားသမားဘဝမှ အနားယူကြောင်း ကြေညာခဲ့သည့် ရုရှားနာမည်ကြီး MMA အားကစားသမား ခါဘိနူမာဂိုမီဒေါ့ဗ်သည် ဆုံးဖြတ်ချက်ကို ပြန်ပြင်ပြီး UFC သို့ ပြန်လည်ဖွယ်ရှိသည်ဟု သူ၏နည်းပြဖြစ်သူ ဟာဗီယာမန်ဒက်ဇ်က ပြောကြားခဲ့သည်။
ရှုံးပွဲမရှိသည့် ရုရှားနာမည်ကြီး MMA အားကစားသမား ခါဘိနူမာဂိုမီဒေါ့ဗ်သည် အောက်တိုဘာလ(၂၄) ရက်က အမေရိကန်နိုင်ငံသား ဂျပ်စတင်ဂေးချီကို ဒုတိယအချီတွင် Traingle ချုပ်ကွက်ဖြင့် အနိုင်ရပြီးနောက် ကစားသမားဘဝမှအနားယူကြောင်း ကြေညာခဲ့သည်။
သို့ရာတွင် နည်းပြဖြစ်သူက ဟာဗီယာမန်ဒက်ဇ်က သူ၏ကစားသမားသည် ဆုံးဖြတ်ချက်ကိုပြန်ပြင်ပြီး UFC သို့ ပြန်လာဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာ The Sun သို့ ထုတ်ဖော်ပြောကြားခဲ့သည်။
အသက်(၃၂)နှစ်အရွယ်သာရှိ သေးသူ ခါဘိသည် ပြီးခဲ့သည့်လပိုင်းက ဖခင်ဖြစ်သူ သေဆုံးခဲ့မှုကြောင့် စိတ်ထိခိုက်နေပြီး သူ၏ဖခင်မပါဘဲနှင့် MMA ကစားသမားဘဝကို ဆက်လက်လျှောက်လှမ်းမည်မဟုတ်ဟု အမေဖြစ်သူကို ကတိပေးခဲ့ခြင်းဖြစ်သည်။
"သူ့ရဲ့စိတ်လှုပ်ရှားမှုတွေ ကြည့်လိုက်ပါ။ သူ မျက်ရည်တွေကျခဲ့တယ်။ ဘာကို သူပြောရမလဲဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ သူက စိတ်နဲ့ကိုယ်နဲ့မကပ်ဘဲ ခံစားချက်အတိုင်း ပြောမိလိမ့်မယ်။ အရိုးသားဆုံးပြောရရင် ကျွန်တော် မသိပါဘူး။ သူ့အကြောင်းလည်း မပြောချင်ပါဘူး။ ဒါဟာ ကျွန်တော့်အလုပ်လည်း မဟုတ်ပါဘူး။ ကျွန်တော့်အလုပ်က သူ့ကို ချစ်ခင်ပြီး ပွဲတွေထိုးသတ်ဖို့ အလိုရှိချိန်မှာ နည်းပြပေးဖို့ပါပဲ။ အရင်က အနားယူခြင်းနဲ့ ပတ်သက်လာရင် ခင်ဗျားတို့ ဘာလို့ အနားယူမယ့်အကြောင်း ပြောနေတာလဲ၊ ကျွန်တော်က (၃၂)နှစ်ပဲ ရှိသေးတယ်လို့ သူ အမြဲပြောလေ့ရှိတယ်။ အခု ဘာလို့ ရုတ်တရတ် အနားယူရသလဲဆိုတော့ သူ့ရဲ့ စိတ်ခံစားချက်ကြောင့် ဖြစ်ပါလိမ့်မယ်။ အခုထိတော့ ဒါက စိတ်လိုက်မာန်ပါ ဆုံးဖြတ်လိုက်တာအဖြစ်သာ ရှိပါသေးတယ်"ဟု မန်ဒက်ဇ်က ပြောကြားခဲ့သည်။
ခါဘိသည် သူထိုးသတ်ခဲ့သည့် MMA ပွဲစဉ်(၂၉)ပွဲစလုံးကို အနိုင်ယူထားခဲ့သူ ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
