အေစီမီလန် CEO ဂါဇီဒစ်က ပြီးခဲ့သည့်အပြောင်းအရွှေ့ကာလများတွင် ပြုလုပ်ခဲ့သည့် အားဖြည့်မှုများကို ကျေနပ်အားရလျက်ရှိပြီး နည်းစနစ်ဒါရိုက်တာ မာလ်ဒီနီအား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် အင်တိုက်အားတိုက် လှုပ်ရှားစေဦးမည်ဖြစ်ကြောင်း၊ ပံ့ပိုးမှုအပြည့်ပေးသွားမည်ဖြစ်ကြောင်း TMW ရေဒီယိုသို့ ပြောကြားခဲ့သည်။
အေစီမီလန် CEO ဂါဇီဒစ်က မိမိတို့ တာဝန်ရှိသူများသည် ပြီးခဲ့သည့်အပြောင်းအရွှေ့ကို ကျေနပ်အားရနေပြီး လာမည့် ဇန်နဝါရီအပြောင်းအရွှေ့တွင်လည်း အင်တိုက်အားတိုက် လှုပ်ရှားသွားဦးမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
အေစီမီလန်အသင်းသည် ပြီးခဲ့သည့် ဆောင်းရာသီနှင့် နွေရာသီ အပြောင်းအရွှေ့များတွင် ကစားသမားကောင်းများစွာ အားဖြည့်နိုင်ခဲ့ပြီး ၂၀၁၉-၂၀ ရာသီနှောင်းပိုင်းတွင် ခြေစွမ်းကောင်းများ ပြသခဲ့သလို၊ ယခု ရာသီအစတွင်လည်း ခြေစွမ်းပြနေသည်။
အေစီမီလန်အသင်းသည် ယခုရာသီတွင် ရှုံးပွဲမရှိ ကစားထားပြီး စီးရီးအေအမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိသည်။
ဂါဇီဒစ်က ပြီးခဲ့သည့်အပြောင်းအရွှေ့ကာလများတွင် ပြုလုပ်ခဲ့သည့် အားဖြည့်မှုများကို ကျေနပ်အားရလျက်ရှိပြီး နည်းစနစ်ဒါရိုက်တာ မာလ်ဒီနီအား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် အင်တိုက်အားတိုက် လှုပ်ရှားစေဦးမည်ဖြစ်ကြောင်း၊ ပံ့ပိုးမှုအပြည့်ပေးသွားမည်ဖြစ်ကြောင်း TMW ရေဒီယိုသို့ ပြောကြားခဲ့သည်။
ဂါဇီဒစ်က "ကျွန် တော်တို့ဟာ အပေါင်းလက္ခဏာဆန်တဲ့ ကာလကို ဖြတ်သန်းနေတာပါ။ ဒါပေမဲ့ ခရီး လမ်းက ရှည်ဦးမှာဖြစ်ပြီး စိန်ခေါ်မှုလည်း မြင့်ပါတယ်။ အသင်းမှာ ခိုင်မာတဲ့ပိုင်ရှင် တွေ ရှိနေပြီး သူတို့က ကျွန်တော်တို့ကို ယုံ ကြည်မှုအပြည့်ပေးထားပါတယ်။ ကျွန် တော်တို့မှာ ရှင်းလင်းတဲ့မဟာဗျူဟာရှိပြီး ကစားသမားကောင်းတွေကို ထပ်မံအား ဖြည့်သွားမှာပါ။ နွေရာသီအပြောင်းအရွှေ့ကို ကျွန်တော်တို့ အားရပါတယ်။ နည်းစနစ်ဒါရိုက်တာ မာလ်ဒီနီ ဦးဆောင်တဲ့အဖွဲ့ဟာ လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့ကာလအတွက် ဂီယာထိုးပြီးသားဖြစ်နေပါပြီ။ ယုံကြည်မှုလည်း အပြည့်အ၀ ရှိနေပါတယ်"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
