PSG အသင်းနည်းပြ တူဟယ်လ်သည် အသင်းတွင်း ပြဿနာများရှိနေပြီး ရာထူးမှထုတ်ပယ်ခံရဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်။
သို့သော် ပြင်သစ်သတင်းစာ Le Parisien ကမူ တူဟယ်ကို ရာထူးမှ ထုတ်ပယ်ပါက ယူရို (၁၀)သန်း ပေးချေရမည်ဖြစ်၍ PSG အသင်းအနေဖြင့် ယင်းကဲ့သို့ ပြုလုပ်မည်မဟုတ်ကြောင်း ဖော်ပြခဲ့သည်။
PSG အသင်းနည်းပြ တူဟယ်လ်သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ၎င်းအလိုရှိသည့်ကစားသမားများကို ခေါ်ယူခဲ့ခြင်းမရှိသည့်အတွက် အသင်းကို ဝေဖန်မှုများပြုလုပ်ခဲ့သည်။
ယင်းအချက်ကို PSG အသင်းပိုင်ရှင်က ကြိုက်နှစ်သက်ခြင်းမရှိကြောင်း အသင်းအားကစား ဒါရိုက်တာ လီယိုနာဒိုက ပြောကြားခဲ့ပြီး တူဟယ်လ်အနေဖြင့် အဆင်မပြေသည့်ကိစ္စများရှိလျှင် ဆွေးနွေးနိုင်ကြောင်းနှင့် လူသိရှင်ကြား ပြောဆိုနေခြင်းမှာ မမှန်ကြောင်း ဆိုခဲ့သည်။
ထို့ပြင် လီယိုနာဒိုက တူဟယ်လ်အနေဖြင့် အသင်း၏ စီမံကိန်းကို လိုက်နာရမည်ဖြစ်ပြီး မဟုတ်ပါက ရာထူးမှထွက်ခွာသွားရမည်ဟုလည်း ပြောကြားခဲ့သည်။
PSG အသင်းသည် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲတွင် အိမ်ကွင်း၌ မန်ယူအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် တူဟယ်လ်၏ အနာဂတ်မှာ လှုပ်ခတ်လာပြီဟု မီဒီယာများက ဖော်ပြခဲ့ခြင်းဖြစ်သည်။
သို့သော် Le Parisien သတင်းစာက ''PSG အသင်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘဏ္ဍာရေးအကျပ်အတည်းကို ကြုံတွေ့ခဲ့ရပြီး ကစားသမား ခေါ်ယူမှုနှင့် နည်းပြကို ထုတ်ပယ်မှု ပြုလုပ်နိုင်ဦးမည်မဟုတ်ကြောင်း၊ တူဟယ်လ်၏ စာချုပ်မှာ သက်တမ်း (၈)လသာ ကျန်ရှိတော့သော်လည်း PSG အသင်းအနေဖြင့် တူဟယ်လ်နှင့် နည်းပြအဖွဲ့ကို ထုတ်ပယ်မည်ဆိုပါက ယူရို (၁၀)သန်း လျော်ကြေးပေးရမည်ဖြစ်ကြောင်း၊ ယင်းအတွက် PSG အနေဖြင့် တူဟယ်လ်ကို ရာထူးမှ ထုတ်ပယ်မည်မဟုတ်ကြောင်း''ဖော်ပြခဲ့သည်။
ထို့ပြင် Le Parisien က အသင်းအားကစားဒါရိုက်တာ လီယိုနာဒိုအနေဖြင့်လည်း လက်ရှိတွင် အပြောင်းအလဲ ပြုလုပ်နိုင်မည်မဟုတ်သည့်အတွက် နည်းပြ တူဟယ်လ်နှင့် အဆင်ပြေအောင် ပေါင်းသင်းပြီး အောင်မြင်ရရှိအောင် ကြိုးပမ်းရမည် ဖြစ်ကြောင်းလည်း ရေးသားခဲ့သည်။
တူဟယ်လ်ကလည်း မိမိအနေဖြင့် ရာထူးအတွက် စိုးရိမ်ပူပန်မှု မရှိကြောင်း ပြောကြားခဲ့သည်။
ဘာရှက်ဆီဟီနှင့် ပွဲမတိုင်မီပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တူဟယ်လ်က ''ရာထူးအတွက် ကျွန်တော် မစိုးရိမ်သလို၊ အန္တရာယ်ရှိတယ်လို့လည်း မခံစားရပါဘူး။ ပွဲအပေါ်မှာပဲ အာရုံစိုက်ပါတယ်။ ကျန်တာ စိတ်မဝင်စားပါဘူး''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
