ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ငွေညှစ်ခဲ့သည့် ၎င်း၏အေးဂျင့်ဟောင်းဖြစ်သူ ကူချာစကီးသည် အောက်တိုဘာ (၂၇)ရက်နေ့ တွင် ပိုလန်၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။
ပိုလန်မီဒီယာများ၏ဖော်ပြချက်အရ ကူချာစကီးသည် အတိတ်က လီဝန်ဒေါစကီးနှင့် အကျိုးတူ စီးပွားရေးလုပ်ငန်းတစ်ခု ပြုလုပ်ခဲ့ပြီး ယင်းအတွက် ယူရိုသန်း (၂၀) ရရှိရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
သို့သော် လီဝန်ဒေါစကီးကမူ ကူချာစကီးကို ငွေကြေးပေးချေရန်မရှိကြောင်း ငြင်းဆိုခဲ့သည်။
ပိုလန်လက်ရွေးစင်ဟောင်း ကူချာစကီးသည် လီဝန်ဒေါစကီး၏အေးဂျင့်အဖြစ် (၁၀) နှစ်ကြာဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် လမ်းခွဲခဲ့သည်။
၎င်းတို့နှစ်ဦးသည် ၂၀၁၄ တွင် စာချုပ်ကိစ္စများကိုဆောင်ရွက်ရန် ကုမ္ပဏီထူထောင်ခဲ့ပြီး ယင်းနှစ်မှာပင် ဖျက်သိမ်းခဲ့ရသည်။
ယခုအခါ လီဝန်ဒေါစကီး၏တိုင်ကြားမှုကြောင့် ပိုလန်ရဲများက ကူချာစကီးကို ဖမ်ဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
