ယာယီကယ်ဆယ်ရေးစခန်းများတွင် အစာအဆိပ်သင့်ခြင်းများ ဖြစ်ပွာနေခြင်းကြောင့် ချက်ပြုတ်ထားသော အစားအစာများဖြင့် လှူဒါန်းခြင်းမျိုးမပြုဘဲ ပူပူနွေးနွေး ချက်ပြုတ်ကျွေးမွေးနိုင်ရန် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥနှင့် ချက်ပြုတ်ရန် လတ်ဆတ်သော အသား၊ ငါး စသည်တို့ကို ပေးပို့လှူဒါန်းပေးကြရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက စက်တင်ဘာ ၁၉ ရက်တွင် တိုက်တွန်းပန်ကြားချက် ထုတ်ပြန်သည်။
နိုင်ငံအတွင်း လတ်တလောဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် ခေတ္တလာရောက် နေထိုင်နေသူများနှင့် ရေဘေးသင့်ကျေးရွာ၊ ရပ်ကွက်များရှိ မိမိတို့၏ နေအိမ်များတွင် နေထိုင်လျက်ရှိသည့် ပြည်သူများအတွက် အလှူရှင်များက စတေနာသဒ်ဓါတရား ထက်သန်စွာဖြင့် အစားအသောက်များ လာရောက်လှူဒါန်းနေမှုများအား ဝမ်းမြောက်ဝမ်းသာစွာ တွေ့ရှိရပါကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်သည်။
သို့ရာတွင် ပတ်ဝန်းကျင်ရာသီဥတု အခြေအနေအရ အလှူရှင်များမှ ပြင်ဆင်ချက်ပြုတ်လာသော အစားအသောက်များအား ချက်ချင်းစားသုံးခြင်းမပြုဘဲ သိုလှောင်သိမ်းဆည်းထားစဉ် အစာအဆိပ်သင့်ဖြစ်ပွားစေသော ရောဂါပိုးများ ပေါက်ပွားရှင်သန်စေမှုဖြစ်စေနိုင်ခြင်း၊ စားသုံးရန်မသင့်သည့် အခြေအနေများသို့ ရောက်ရှိစေနိုင်ခြင်းနှင့် အဆိုပါအစားအသောက်များအား စားသောက်မိပါက အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း စသည့် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲရောဂါများ ဖြစ်ပေါ်နေမှုများကြောင့် ရေဘေးသင့်ပြည်သူများအတွက် ပိုမိုဒုက္ခကြုံတွေ့စေကြောင်း တွေ့ရှိရပါသည်ဟု အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်သည်။
သို့ဖြစ်ပါ၍ အလှူရှင်များအနေဖြင့် အစားအသောက်များ လာရောက်လှူဒါန်းရာတွင် ပြင်ဆင်ချက်ပြုတ်ထားသော အစားအစာများဖြင့် လှူဒါန်းခြင်းမျိုးမပြုဘဲ စခန်းများတွင် နေထိုင်သူများအား ပူပူနွေးနွေး ချက်ပြုတ်ကျွေးမွေးနိုင်ရန် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥနှင့် ချက်ပြုတ်ရန် လတ်ဆတ်သော အသား၊ ငါး စသည်တို့ကို ပေးပို့လှူဒါန်းခြင်း၊ ပေးပို့လှူဒါန်းရာတွင် မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့များမှတစ်ဆင့်သာ ပေးပို့လှူဒါန်းခြင်းနှင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသော စီမံခန့်ခွဲမှု အဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက စခန်းများတွင် လှူဒါန်းကြသော အစားအသောက်များအား ကျန်းမာရေးနှင့် ညီညွတ်စေရန်နှင့် သန့်ရှင်းမှုရှိစေရန် ကြီးကြပ်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးကြရန် တိုက်တွန်းနှိုးဆော်ပန်ကြားအပ်ပါကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
