MAI လေကြောင်းလိုင်းက ရေဘေးကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများကို အခမဲ့သယ်ဆောင်ပေးနေပြီး အရေးပေါ်ရောက်ရှိရန်လိုအပ်သည့် ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရန် Freighter Flight များကိုပါ ထိုင်းနိုင်ငံသို့ သီးသန့် ပြေးဆွဲပေးနေ
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသည့် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ ရေးပစ္စည်းများအား အခမဲ့ကူညီသယ် ဆောင် ပေးနေပြီး အရေးပေါ်ရောက်ရှိရန် လိုအပ်သည့် ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရန် Freighter Flight များကိုပါ ထိုင်းနိုင်ငံသို့ သီးသန့် စီစဉ် ပြေးဆွဲပေးနေကြောင်း သတင်းရရှိ သည်။
“(MAI) အနေနဲ့ ၁၃ရက်နေ့ကစပြီး လက်ရှိအချိန်ထိ ပြည်တွင်းပြည်ပအသီးသီးမှ မြန်မာနိုင်ငံရေဘေး သင့်ပြည်သူများကို လှူဒါန်းတဲ့ကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေးနှင့် ထောက်ပံ့ရေး ပစ္စည်းတွေကို ဗြှု ရဲ့ ပုံမှန် ပြေးဆွဲနေတဲ့ ်ူငါ့အ တွေနဲ့ သယ်ယူ ပို့ဆောင်ပေးနေတဲ့အပြင် အရေးပေါ် ရောက်ရှိရန်လိုအပ်နေသည့် ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရန်အတွက် ်မနငါ့အနမ ်ူငါ့အ တွေကိုပါ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သီးသန့်စီစဉ်ပြေးဆွဲပေးနေတာဖြစ်ပါတယ်။လက်ရှိအချိန်အထိ ကုန်တန်ချိိန် ၁၇၀၀၀ kg ကျော်ကို သယ်ယူပို့ဆောင်ပေးပြီးဖြစ်ပါတယ်” ဟု MAI လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI) သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ၊ ၁၃ ရက်နေ့မှစ၍ လက်ရှိအချိန်ထိ ပြည်တွင်းပြည်ပအသီးသီးမှ မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများထံသို့ လှူဒါန်းကြသည် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများကိုအခမဲ့ကူညီ သယ်ယူပို့ဆောင် ပေးနေခြင်း ဖြစ်သည်။
MAI သည် သံရုံးများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကုမ္ပဏီအဖွဲ့အ စည်းများအပြင် ပြည်ပရောက် မြန်မာနိုင်ငံ သားညီအစ်ကိုမောင်နှမများမှ မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်း သည့်ပစ္စည်းများကို ရန်ကုန်သို့ လည်းကောင်း၊ ထိုမှတဆင့် ပြည်တွင်း ဒေသအသီးသီးမှ ရေကြီးရေလျှံမှုနှင့် ပျက်စီးဆုံးရှုံးမှုများကို အများဆုံး တွေ့ကြုံခံစားနေရသောမြို့များ ဖြစ်သည့် နေပြည်တော်၊ မန္တလေး၊ တာချီလိတ်၊ ဟဲဟိုးနှင့် ကျိုင်းတုံမြို့များသို့ MAI ၏ ပုံမှန် ပြေးဆွဲနေသော flight များဖြင့် သယ်ယူ ပို့ဆောင်ပေးနေသည့်အပြင် အရေးပေါ် ရောက် ရှိရန်လိုအပ်နေ သည့်ပစ္စည်းများ ကို ပိုမိုသယ်ယူနိုင်ရန်အတွက် Freighter Flight များကိုပါ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သီးသန့်စီစဉ်ပြေးဆွဲစေ၍ သယ်ယူပို့ဆောင် ပေးလျက်ရှိသည်။
MAI အနေဖြင့် မြန်မာနိုင်ငံတွင် CIVID-19 ကပ်ရောဂါကြုံတွေ့နေရသည့် ကာလ အတွင်း တွင်လည်း ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ လှူဒါန်းသည့်ပစ္စည်းများကို မြန်မာ နိုင်ငံတစ်ဝှမ်းလုံးသို့ အခမဲ့ သယ်ယူပို့ဆောင်ပေးခဲ့သည့်အပြင် ၂၀၂၃ ခုနှစ်တွင် ရခိုင်ပြည်နယ်သို့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက် သည့်အချိန်တွင်လည်း အရေးပေါ်ပစ္စည်းများကိုရခိုင်ပြည်နယ်သို့ အခမဲ့သယ်ယူ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
MAI အနေဖြင့် မြန်မာနိုင်ငံနှင့် နိုင်ငံ သားများအတွက် အရေးကြုံသည့် အချိန် တိုင်းတွင်ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် အရေးပေါ်လိုအပ်နေသည့်ပစ္စည်းများကို မြန်ဆန်ထိရောက်စွာ သယ်ယူပို့ဆောင်နိုင်ရန် အဓိကကျသည့် လေကြောင်းကုန်စည်ပို့ဆောင်မှုကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးရခြင်းအတွက် အလွန်ဝမ်းမြောက် ဂုဏ်ယူကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
