မယ်ဆိုင် ခရိုင်တွင် ပြင်းထန်ရေကြီးမှုအတွက် တာဝန်ရှိသည်ဆိုသော ဆိုရှယ်မီဒီယာပို့စ်များ ဆက်တိုက်ထွက်ပေါ်ခဲ့ပြီးနောက် မြောက်ပိုင်းတိုင်းရင်းသူပုံစံထုလုပ်ထားသော မယ်ဆိုင် နတ်သမီးရုပ်တုကို မူအန်ခရိုင်ရှိ ချင်းရိုင် ခေတ်ပြိုင်ပန်းချီပြတိုက် (CCAM)သို့ လွန်ခဲ့သော သီတင်းပတ်တွင် ရွှေ့ပြောင်းခဲ့သည်။
ထိုင်းအနုပညာရှင် ခရိုင်ဝတ်ဒွန်ဂျက် ထုလုပ်ထားသော မယ်ဆိုင် နတ်သမီးရုပ်တုကို ရူမျှော်ခင်း ကောင်းမွန်စေရန် ကြိုးပမ်းမှု အစိတ်အပိုင်းအဖြစ် မယ်ဆိုင် ခရိုင်ရှိ ထိုင်း-မြန်မာ နယ်စပ်ဂိတ်၏ အရှေ့တွင် ယခင်က စိုက်ထူထားခဲ့သည်။
အဆိုပါ ရုပ်တုသည် မယ်ဆိုင် ခရိုင်၌ ပြင်းထန်သော ရေကြီးမှု၏အကြောင်းရင်းဖြစ်သည်ဟု နတ်များနှင့်သဘာဝလွန်ဖြစ်ရပ်တို့ကို ခိုင်ခိုင်မာမာယုံကြည်သော ဆိုရှယ်မီဒီယာသုံသူများက ဖော်ပြခဲ့ကြသည်။
အဆိုပါရုပ်တု၌ကျိန်စာ ရှိမနေကြောင်းသက်သေပြရန်ကြိုးပမ်းမှုအဖြစ် ရုပ်တုအား CCAM သို့ရွှေ့ထားရန် အမျိုးသားပန်းချီဆရာချာလမ်ချိုင်းကိုဆစ်ပီတက်ကပန်းချီဆရာများနှင့်အာဏာပိုင်များကို စက်တင်ဘာ ၁၅ ရက်တွင် မေတ္တာရပ်ခံခဲ့သည်။
မယ်ဆိုင်နတ်သမီးက မယ်ဆိုင်ခရိုင်ကို ဝရုန်းသုန်းကား အခြေအနေများ ဖြစ်ပေါ်စေသည်ဟု ပြောဆိုနေခြင်းများသည် အဓိပ္ပာယ်မရှိဟုကြောင်း ချာလမ်ချိုင်းက Facebook fanpage တွင်တင်ခဲ့သော ဗီဒီယို၌ ပြောကြားခဲ့သည်။
ပြည်သူများက ရုပ်တုကို အပြစ်မတင်ကြရန် သို့မဟုတ် ရုပ်တုကို မကြောက်ကြရန် ၎င်းကတိုက်တွန်းခဲ့ပြီး နတ်သမီးရုပ်က ရေကြီးမှုများ သို့မဟုတ်အခြားသော ဘေးအန္တရာယ်များကို မဖြစ်စေနိုင်ဟု ဆိုသည်။
ချင်းရိုင်၌ပြုလုပ်သော အပြည်ပြည်ဆိုင်ရာခေတ်ပြိုင် ပန်းချီပြပွဲဖြစ်သည့် Thailand Biennale ကို မြှင့်တင်ရန် ဖန်တီးခဲ့သော မယ်ဆိုင်နတ်သမီးရုပ်တုသည် ဆိုရှယ်မီဒီယာပို့စ်များ၏ ပစ်မှတ်ဖြစ်လာခဲ့သည်။
နယ်ခံများက မယ်ဆိုင်ရေကြီးမှုအတွက် ရုပ်တုကို အပြစ်တင်ခဲ့ပြီးနောက် ယင်းရုပ်ကို ပြတိုက်သို့ပြောင်းရွှေ့ခဲ့သည်။
Ref:The Nation
Photos:The Nation
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
