ဒေတွင်းမှာ ရေကြီးမှုများ ဆက်လက်ကြုံတွေ့နေရသည့်အတွက် မဲခေါင်မြစ်ရေ လုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာရပ်များကို ဖြေရှင်းရာတွင် အာဆီယံနှင့် အခြားသက်ဆိုင်သူများက ပူးပေါင်းပါဝင်ကြပါရန် လာအိုနိုင်ငံက တိုက်တွန်းခဲ့သည်။
ဗုဒ္ဓဟူးနေ့က အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်မြစ်ဝှမ်း နိုင်ငံများနှင့် ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်နိုင်ငံများအကြား ရေသံယံဇာတ လုံခြုံရေးဆွေးနွေးပွဲဖြစ်သည့် ဒုတိယအကြိမ်မြောက် Asean-MRC Water Security Dialogue တွင် လာအို ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith က အဖွင့်မိန့်ခွန်းပြောခဲ့ခြင်းဖြစ်ကာ မဲခေါင်မြစ်သည် အရှေ့တောင်အာရှရှိ လူများ၏ အသက်မွေးဝမ်းကြောင်းအတွက် အခြေခံအုတ်မြစ်ဖြစ်သည်ဟု ဆိုခဲ့သည်။
မဲခေါင်သည် စားနပ်ရိက္ခာထုတ်လုပ်ခြင်း၊ စွမ်းအင်ထုတ်လုပ်ခြင်းနှင့် တာရှည်ခံသော ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်မှုတို့၏ အရင်းအမြစ်ဖြစ်ကြောင်း၊ ဒေသတွင်း စာနပ်ရိက္ခာဖူလုံရေးတွင် မဲခေါင်သည် တစ်နှစ်လျှင် ငါးတန်ချိန် ၂ ဒသမ ၆ သန်း ပံ့ပိုးပေးနေကာ မြစ်ဝှမ်းဒေသကို စားနပ်ရိက္ခာဖြည့်ဆည်းပေးထားကြောင်းလည်း ၎င်းက ပြောကြား ခဲ့သည်။
ကြွယ်ဝသော သဘာဝအရင်းအမြစ်များ ရှိနေသော်ငြားလည်း ရာသီဥတု ပြောင်းလဲမှုအပြင် မြစ်ကြောင်းတလျှောက် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာမှုနှင့် တည်ဆောက်မှုများသည် ရေလမ်းနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ဖိအားများ တိုးလာစေခဲ့ကာ မဲခေါင်မြစ်သည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်လာရသည်ဟု ဆိုသည်။
ဥပမာအားဖြင့် တိုက်ဖွန်းယာဂီကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုများသည် မြစ်ကြောင်းတလျှောက်နေထိုင်သူများအဖို့ မြစ်ရေမြင့်တက်မှုကို မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရသကဲ့သို့ မဲခေါင်မြစ်ဝှမ်းတလျှောက် ဒေသများစွာတွင် ရေကြီးခဲ့ကာ လူတို့၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ၊ ပစ္စည်းဥစ္စာများနှင့် ယဉ်ကျေးမှုထုတ်ကုန်များ ပျက်စီးခဲ့ရသည်ဟု မစ္စတာ Saleumxay က ဖိုရမ်တွင် ပြောဆိုခဲ့သည်။
ယင်းဖိုရမ်ကို “ချိတ်ဆက်မှု၊ တာရှည်ခံမှုနှင့် ရေသံယံဇာတ လုံခြုံသော အရှေ့တောင်အာရှအတွက် စဉ်ဆက်မပြတ် ရင်းနှီးမြုပ်နှံမှု” ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။
Ref: ဘန်ကောက်ပို့စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
