ရေဘေးသင့် ပြည်သူများထံ အစားသောက်များ လှူဒါန်းရာတွင် ချက်ပြုတ်ရန်
လတ်ဆတ်သော အသား၊ ငါးတို့ကို မြို့နယ်
အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှု အဖွဲ့များမှ တစ်ဆင့်သာ ပေးပို့လှူဒါန်းရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက အလှူရှင်များထံ တိုက်တွန်းပန်ကြားလိုက်သည်။
နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ချောင်းခြားကျေးရွာနှင့် တောင်ခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝက်ဖြူကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ရေဘေးရှောင်နေရသည့် ပြည်သူများ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီးနောက် ယနေ့ စက်တင်ဘာ (၁၉) ရက်တွင် ယခုကဲ့သို့ တိုက်တွန်းပန်းကြားလိုက်ခြင်းဖြစ်သည်။
နိုင်ငံအတွင်း လတ်တလောဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ယာယီကယ်ဆယ်ရေး စခန်းများတွင် ခေတ္တလာရောက် နေထိုင်နေသူများနှင့် ရေဘေးသင့်ကျေးရွာ၊ ရပ်ကွက်များရှိ ၎င်းတို့၏ နေအိမ်များတွင် နေထိုင်သည့် ပြည်သူများထံ အလှူရှင်များက စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် အစားအသောက်များ လာရောက်လှူဒါန်းနေမှုများအား ဝမ်းမြောက်ဝမ်းသာစွာ တွေ့ရှိရသည်ဟု ဆိုသည်။
သို့သော် ပတ်ဝန်းကျင်ရာသီဥတု အခြေအနေအရ အလှူရှင်များမှ ပြင်ဆင်ချက်ပြုတ်လာသော အစားအသောက်များအား ချက်ချင်းစားသုံးခြင်းမပြုဘဲ သိုလှောင်သိမ်းဆည်းထားစဉ် အစာအဆိပ်သင့် ဖြစ်ပွားစေသော ရောဂါပိုးများ ပေါက်ဖွားရှင်သန်စေမှုဖြစ်စေနိုင်ပြီး စားသုံးရန်မသင့်သည့် အခြေအနေများသို့ ရောက်ရှိစေနိုင်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ထုတ်ပြန်သည်။
အဆိုပါ အစားအသောက်များအား စားသောက်မိပါက အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းစသည့် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ ရောဂါများ ဖြစ်ပေါ်နေမှုများကြောင့် ရေဘေးသင့်ပြည်သူများအတွက် ပိုမို ဒုက္ခကြုံတွေ့စေကြောင်းလည်း ဆိုသည်။
ထို့ကြောင့် အလှူရှင်များအနေဖြင့် အစားအသောက်များ လာရောက်လှူဒါန်းရာတွင် ပြင်ဆင် ချက်ပြုတ်ထားသော အစားအစာများဖြင့် လှူဒါန်းခြင်းမျိုး မပြုဘဲ စခန်းများတွင် နေထိုင်သူများအား ပူပူနွေးနွေး ချက်ပြုတ်ကျွေးမွေးနိုင်ရန် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥနှင့် ချက်ပြုတ်ရန် လတ်ဆတ်သော အသား၊ ငါးတို့ကို ပေးပို့လှူဒါန်းနိုင်ရေး တိုက်တွန်းသည်။
ထိုသို့ ပေးပိုလှူဒါန်းရာတွင် မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှု အဖွဲ့များမှ တစ်ဆင့်သာ ပေးပို့လှူဒါန်းခြင်းနှင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် တာဝန်ယူထားသော စီမံခန့်ခွဲမှု အဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက စခန်းများတွင် လှူဒါန်းသော အစားအသောက်များအား ကျန်းမာရေးနှင့် ညီညွတ်စေရန်၊ သန့်ရှင်းမှုရှိစေရန် ကြီးကြပ်စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
နေပြည်တော် တပ်ကုန်းမြို့နယ်၊ ချောင်းခြားကျေးရွာတွင် စက်တင်ဘာ (၁၇)ရက် ညပိုင်းက ရေဘေးကယ်ဆယ်ရေး လာရောက် လှူဒါန်းသည့် ဒံပေါက် အပြင် ထမင်းနှင့် အသားဟင်း၊ အသုပ်များ စားသုံးမိရာမှ တစ်ဆင့် ကလေ-း၊ လူကြီး (၁၁၅) ဦး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ရကြောင်း သိရသည်။
ထို့ပြင် စက်တင်ဘာ (၁၈)ရက် ညပိုင်းကလည်း တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝက်ဖြူကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ရေဘေးရှောင်နေရသည့် လူဦးရေ (၁၃၀)မှာ ထမင်း၊ ဘဲဥနှင့် မကျည်းမှည့်ချက် စားသုံးမိရာမှ တစ်ဆင့် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ အစာအဆိပ်သင့်မှု ဖြစ်စဉ်များတွင် လက်ရှိ စိုးရိမ်စရာ အခြေအနေ မရှိတော့ဘဲ သက်သာ ကောင်းမွန်လျက်ရှိပြီး ၎င်းကျေးရွာ (၂)ရွာတွင် ကျန်းမာရေးဦးစီးဌာန အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များက ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
