မဲနယ်တောင်ဒေသတွင် ရေကြီးမှုကြောင့် ပျက်စီးခဲ့သည့် တံတားများကို ပြည်သူများ သွားလာရေးအဆင်ပြေစေရန် ယာယီတံတားသစ်များ အစားထိုးနေကြောင်း သိရသည်။
ယာဂီမုန်တိုင်းအရှိန်ကြောင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ စက်တင်ဘာ(၁၀)ရက်နေ့ကစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေဝင်ရောက်မှုကြောင့် လူနေအိမ်၊ လမ်း၊ တံတားများ ပျက်စီးဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။
ယင်း ဖြစ်စဉ်ကြောင့် ဟိုပုံးမြို့နယ်တွင် ပေ ၁၈၀ အောက် တံတာ(၁၀)စင်း မျောပါပျက်စီးခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် မဲနယ်တောင်ဒေသရှိ ကျေးရွာများမှ ရေဘေးဒုက္ခသည်များ အကူအညီများလိုအပ်နေခဲ့ရသည်။
လက်ရှိတွင် ယာယီတံတားသစ် အစားထိုးနေမှုများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ကွင်းဆင်းကြည့်ရှုစစ်ဆေးနေသည်ဟုလည်း သိရသည်။
ပြင်ဆင်အစားထိုးရာတွင် စံဖူး-ကျောက္ကချား-နောင်စုံလမ်းပေါ်ရှိ ပေ ၂၀ အရှည် ကွန်ကရစ်တံတား မျောပါပျက်စီးခဲ့သည်ကို ယာယီသစ်သားတံတား တည်ဆောက်ပေးလျက်ရှိပြီး စက်တင်ဘာလ(၂၀)ရက်နေ့တွင် တံတားတည်ဆောက်ပြီးစီးမည်ဖြစ်ကြောင်း လည်း သိရသည်။





-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
