ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်ပြည်သူများအတွက် နေ့လည်စာထမင်းဘူး(၃၀၀)ကို ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး(ငြိမ်း)နှင့်ဇနီး ဒေါ်မြမြစန်း မိသားစုကလှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး(ငြိမ်း)နှင့်ဇနီး ဒေါ်မြမြစန်း မိသားစုမှ အေလာတိဏ္ဏ ဘုန်းတော်ကြီးကျောင်းတွင်ရောက်ရှိခိုလှုံနေသော ရေဘေးသင့်ပြည်သူ(၃၀၀)ဦးအတွက် နေ့လယ်စာထမင်းဘူး(၃၀၀)ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှတစ်ဆင့် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ စက်တင်ဘာ ၁၈ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုမှ ငွေကျပ်သိန်း(၁၇၀၀)၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ငွေကျပ်သိန်း(၇၀)၊ ဦးအောင်ဇော်မြင့် + အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ သီရိပျံချီ ဒေါက်တာမြတ်မြတ်အုန်းခင် ပြည်ထောင်စုဝန်ကြီး(ငြိမ်း)နှင့် သားသမီး၊မြေးများက ငွေကျပ်သိန်း(၅၀)တို့အား လှူဒါန်းခဲ့ကြသည်။
ထို့ပြင် ဒေါက်တာဂျူးဂျူးဇော်(ခ)ခင်အိန္ဒြာဇော် (ခေတ္တဩစတြေးလျ)က ငွေကျပ်(၁၁)သိန်း၊ ဦးထွန်းရွှေ + ဒေါ်သင်းသင်းဆွေ မိသားစု(ထွန်းရွှေဝါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)က ငွေကျပ် သိန်း(၃၀)နှင့် တိုင်းရင်းဆေးဝါးသေတ္တာ ၆ ပုံး၊ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေးက ငွေကျပ်သိန်း(၅၀၀)၊ မြန်မာနွယ်ဖွားတရုတ်လူမှုကူညီရေးပရဟိတအသင်း(နေပြည်တော်)က ငွေကျပ်သိန်း(၅၀)၊ Tin Wai International Group Co.,Ltd. က ငွေကျပ်သိန်း (၃၀)၊ မြန်မာကယန်းတောင်ပိုင်း ကုမ္ပဏီလီမိတက်က ငွေကျပ်(၁၀)သိန်းတို့ကို လှူဒါန်းခဲ့ကြသည်။
ထို့အတူ Sky One Company က ငွေကျပ်သိန်း (၂၀၀၀)၊ Gandamar Business Solutations Co.,Ltd. ဝန်ထမ်းမိသားစုက ငွေကျပ် (၂၀၇၆၀၀၀)၊ ဦးအိုက်ဆန် + ဒေါ်ဖုံစု မိသားစုက ငွေကျပ်သိန်း(၃၀၀၀)၊ ဦးလင်းထူး + ဒေါ်နန်းသင်းစုငြိမ်း Golden HTT Co.,Ltd. မိသားစုက ငွေကျပ်သိန်း(၅၀)တို့ကိုလည်း လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်ခြင်းအခမ်းအနားတွင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေ ကျပ်သိန်း ၇၅၀၀ ကျော် (၇၅၂၁၇၆၀၀၀ ကျပ်)အထိ ရရှိခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
