စားသုံးသူဈေးကွက်အတွင်းရောင်းချနေသည့်အသေးစား၊ အလတ်စား ဆန်ဆိုင်များ ဆန်သိုလှောင်ရုံ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဆန်ဆိုင်များထံမှ စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်သိုလှောင်ရုံများသာမက အသေးစား၊ အလတ်စား ဆန်ဆိုင်များလည်း ဆန်သိုလှောင်ရုံ မှတ်ပုံတင်စနစ် ( Myanmar Rice Online: MyRO ) တွင် ထည့်သွင်းနိုင်ရေး စီစဉ်နေကြောင်း သိရသည်။
အသေးစား၊ အငယ်စား ဆန်ဆိုင်များ ဖြစ်သည့် (၁၀) ပေ၊ ပေ (၂၀) ပတ်လည် အလျား (၁၀) ပေ၊ အနံပေ (၂၀) ဆိုင်ခန်းများနှင့် ဆန်ရောင်းချသူများလည်း မှတ်ပုံတင်ရမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် မှတ်ပုံတင်ကြေး ပေးဆောင်ရန် မလိုအပ်ကြောင်း သိရသည်။
ပြည်တွင်းဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါး စျေးကွက်နှင့် စျေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်စပါးသိုလှောင်မှုအခြေအနေ များကို စနစ်တကျ စာရင်းပြုစုမှတ်ပုံတင်ထားနိုင်ရေး၊ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဆန်စပါးသိုလှောင်ရုံလုပ်ငန်းများအနေဖြင့် Online Registration စနစ်ဖြင့် Myanmar Rice Online (MyRo)-www.myro.com.mm တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ မှစတင်၍ မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ပြီးဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
