မြန်မာနိုင်ငံတွင် အရှည်ဆုံး ရထားလမ်းပိုင်းတစ်ခု ဖြစ်လာမည့် မန္တလေး-မူဆယ် ရထားလမ်းသစ် ဖောက်လုပ်ရေး စီမံကိန်းအတွက် China Rail-way Group Limited (CREC) မှ မြေနေရာ ကွင်းဆင်းစစ်ဆေးမှုအား စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ရထားလမ်းသစ် ဖောက်လုပ်ရေး စီမံကိန်းအတွက် China Rail-way Group Limited (CREC) မှ မူဆယ်မြို့တွင် မြေနေရာနှင့် မြေဆီ မြေသား ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခြင်းကို ဇန်နဝါရီ ၅ ရက်မှ စတင်ကာ ပြုလုပ်နေကြောင်း သိရသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးမှုကို ဇန်နဝါရီ ၆ ရက်မှ ဧပြီ ၁၃ ရက်အထိ လေးလကြာ ပြုလုပ်မည် ဟုဆိုသည်။
မန္တလေး-မူဆယ် ရထားလမ်းသစ် ဖောက်လုပ်ရေး စီမံကိန်းအတွက် (CREC) ၏ ကုန်ကျစရိတ် ကျခံမှုဖြင့် ဖြစ်မြောက်နိုင်ခြေ လေ့လာမှု ဆောင်ရွက်ရန်အတွက် MoU လက်မှတ်ရေးထိုးပွဲကို နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနရုံးတွင် အောက်တိုဘာ ၂၂ ရက်က ပြုလုပ်ခဲ့သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ China Railway Eryuan Engineering Group တို့သည် မူဆယ်-မန္တလေး ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းသစ်အား ဖြစ်မြောက်နိုင်ခြေ လေ့လာမှု (Feasibility Study) ဆောင်ရွက်ရန်အတွက် Memorandum of Understanding on Feasibility Study For Muse-Mandalay Railway Project အား MoU လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။
တရုတ်နှင့် မြန်မာအစိုးရတို့ ပူးပေါင်းတည်ဆောက်မည့် မန္တလေး-မူဆယ် ရထားလမ်းသည် လမ်းခရီး အရှည်ဆုံး လမ်းကြောင်းတစ်ခုဖြစ်ပြီး ရန်ကုန်-မန္တလေး ကားလမ်းခရီးစဉ်ထက် နှစ်ဆပိုမြန်ကာ မူဆယ်-မန္တလေး ရထားခရီးစဉ်အချိန် သုံးနာရီခန့်သာ ကြာမြင့်မည်ဟု သိရသည်။
အဆိုပါ မူဆယ်-မန္တလေး ရထားလမ်းသစ်သည် ၄၃၁ ကီလိုမီတာ ရှည်လျားမည်ဖြစ်ပြီး ကုန်နှင့် ခရီးသည် တင်ရန် ဘူတာခုနစ်နေရာ၊ ခရီးသည်တင်မည့် ဘူတာငါးနေရာ၊ လမ်းခွဲ ၂၄ နေရာရှိမည် ဖြစ်ကြောင်း၊ တစ်နာရီ ကီလိုမီတာ ၁၆၀ (၉၉ မိုင်) မောင်းနှင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
MoU လက်မှတ်ရေးထိုးထားသည့် မူဆယ်-မန္တလေး ရထားလမ်းသစ် ဖောက်လုပ်ရေး စီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာမှုအတွက် နားလည်မှုစာချွန်လွှာ (MoU) တွင် ကုန်ကျစရိတ်ကို စီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာမှု (Feasibility Study F/S) ဆောင်ရွက်သူက ကျရခံမည် ဖြစ်ကြောင်းနှင့် F/S ဆောင်ရွက်သူ အနေဖြင့် စီမံကိန်း တည်ဆောက်ခွင့် ရရှိမည်ဟု အာမခံချက်မရှိဟု ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
စီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာမှု (Feasibility Study F/S) ဆောင်ရွက်ခွင့် သဘောတူညီချက်ကို နှစ်နှစ်သတ်မှတ်ထားပြီး နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံတကာ အဆင့်မီ စီမံကိန်းတစ်ခု ဖြစ်စေရန်အတွက် ပတ်ဝန်းကျင် သက်ရောက်မှု စစ်ဆေးခြင်း (Enviromental Impact Assessment – EIA) နှင့် လူမှုပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ဆန်းစစ်ခြင်း (Social Impact Assessment – SIA) လုပ်ငန်းများ ပါဝင်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
