ကချင်ပြည်နယ်နေ့ အခမ်းအနားဆိုင်းဘုတ်တွင် ကချင်အမည်ကို ဂျိန်းဖောဟု ပြောင်းလဲခဲ့ခြင်းကြောင့် ကျန်ကချင်မျိုးနွယ်စုဝင် တိုင်းရင်းသားငါးမျိုး၏ ယဉ်ကျေးမှုဗဟိုကော်မတီများက ကန့်ကွက်ခဲ့ကြောင်း သိရသည်။
(၇၁) ကြိမ်မြောက် ကချင်ပြည်နယ်နေ့မုခ်ဦးတွင် ကချင်ပြည်နယ်နေ့ ပွဲကျင်းပရေး ဦးစီးကော်မတီများ၊ မြန်မာနိုင်ငံ ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီဝင်များ၊ ကချင်မျိုးနွယ်စု ဗဟိုကော်မတီများအားလုံး ရေးတင်ထားသည့် Kachine Mungdaw Nhtoi အား Jinghpaw Mungdaw Nhtoi ဟု ပြောင်းလဲခြင်းအပေါ် ဇန်နဝါရီ ၉ ရက်က ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။
ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှု ဗဟို ကော်မတီ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးဟောင်းခေါင်က “ကချင်ပြည်နယ်လို့ အဓိပ္ပာယ်ထွက်တာကို ဂျိန်းဖောပြည်နယ်လို့ အမည်ပြောင်းတာနဲ့ပတ်သက်ပြီး ကန့်ကွက်ကြတာတွေ့ရပါတယ်။ ပထမဆုံးဆိုင်းဘုတ်တွေက ကချင် ပြည်နယ်နေ့လို့တင်ပြီး ဖျက်ဆီးခံရတဲ့အတွက် ဂျိန်းဖောပြည်နယ်နေ့လို့ ပြောင်းတာပါ။ လွတ်လပ်ရေးရပြီး သတ်မှတ်ထားတာ ကချင်မျိုးနွယ်စုဝင် တိုင်းရင်းသားခြောက်မျိုး ရှိပါတယ်။ အခုလည်း ဒီအတိုင်းပဲ သတ်မှတ်တာပါ။ မုခ်အဝင်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရပြီး ပြောင်းရတယ်ဆိုတာကတော့ မဖြစ်သင့်ဘူး။ အစိုးရပိုင်းကလည်း ဒီကိစ္စကို ပြတ်ပြတ်သားသားပဲ ဆုံးဖြတ်စေချင်တယ်။ ဒီအတိုင်းကြီး မလွှတ်ထားသင့်ဘူးလို့ မြင်တယ်” ဟု ပြောကြားသည်။
ကချင်ပြည်နယ်နေ့ အခမ်းအနား အတွက် ပြင်ဆင်ထားသည့် Kachine Mungdaw Nhtoi စာတန်းပါ မုခ်ဦးတစ်ခု ဇန်နဝါရီ ၅ ရက် ညပိုင်းက မီးရှို့ခံရပြီးနောက် ဇန်နဝါရီ ၇ ရက်တွင် Jinghpaw Mungdaw Nhtoi မုခ်ဦးစာတန်းများကို ပြောင်းလဲပြင်ဆင်ခဲ့ ခြင်းဖြစ်သည်။
ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးရန်နမ်းဖုန်က ယင်းဝေါဟာရအသုံးအနှုန်းနှင့် ပတ်သက်ပြီး ကချင်တိုင်းရင်းသားလူမျိုးများအချင်းချင်း လက်မခံခြင်းကြောင့် ကချင်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများရေး ရာကော်မတီက ကွင်းဆင်းစစ်ဆေးမှတ်တမ်းများ ယူခဲ့ကြောင်း၊ တိုင်းရင်းသားညီအစ်ကိုများကြားတွင် ခေါင်းဆောင်အသီးသီးက ညှိနှိုင်းပါက အဆင်ပြေနိုင်သည့် အခြေအနေ ဖြစ်ကြောင်း၊ သမိုင်းကြောင်းအရ တိုင်းရင်း သားများကြားတွင် ဘုံသဘောတူညီချက်ရရှိထားသည့် အမည်နာမကို မပစ်ပယ်သင့်ကြောင်း ပြောကြားသည်။
ကချင်ကို ဂျိန်းဖောဟု သတ်မှတ်ခြင်းမှာ ကျန်ကချင်မျိုးနွယ်စုဝင်လူမျိုးများကို စိတ်ဝမ်းကွဲစေကြောင်း ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များက စက်တင်ဘာ ၁၈ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ယင်းရှင်းလင်းပွဲကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်း မနောင်အိမ်တော်တွင် ကျင်းပခဲ့ပြီး ကချင်မျိုးနွယ်စုဝင် ခြောက်မျိုးဖြစ်သည့် ဂျိန်းဖော၊ အဇီး၊ လာချိဒ်၊ လော်ဝေါ်၊ ရဝမ်၊ လီဆူ စသည့် လူမျိုးများ၏ စာပေနှင့် ယဉ်ကျေးမှု ခေါင်းဆောင်များ၊ လူမျိုးခေါင်းဆောင်များ၊ နိုင်ငံရေးနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းခေါင်း ဆောင်များ တက်ရောက်ခဲ့ကြသည်။
ကချင်မျိုးနွယ်စုဝင်လူမျိုးစုများ၏ တိကျ မှန်ကန်သော မျိုးနွယ်စု အမည်စာရင်းများကို စိစစ်အတည်ပြုပြဋ္ဌာန်းနိုင်ရန် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ၂၀၁၇ ခုနှစ် ဒုတိယ အကြိမ် ဆဋ္ဌမပုံမှန် ကချင်ပြည်နယ်လွှတ်တော်တွင် တင်သွင်းခဲ့ကြောင်း သိရသည်။ ကချင်မျိုးနွယ်စုအချင်းချင်းတွင် မျိုးနွယ် ခြောက်ခုသာ လက်ခံကျင့်သုံးနေသော်လည်း အစိုးရစာရင်းများတွင် ခြောက်မျိုး၊ ရှစ်မျိုး၊ ၁၂ မျိုးအထိ အသီးသီးရှိနေသဖြင့် ယင်းအဆိုကို တင်သွင်းခြင်းဖြစ်ကြောင်း လွှတ်တော်တွင် တင်ပြခဲ့သည်။ ကချင်မျိုးနွယ်စုဝင် လူမျိုးစုများ၏အမည်များ တိကျစွာပြဋ္ဌာန်းထားမှု မရှိခြင်း၊ မျိုးနွယ်စုအမည်စာရင်းများ နှင့် လူမျိုးအမည်များမှာ နိုင်ငံသား စိစစ်ရေး ကတ်ပြားများတွင် ရှုပ်ထွေးနေခြင်း၊ နိုင်ငံတော်မှ ထုတ်ပြန်ရာတွင် လူမျိုးနှင့် မျိုးနွယ်စုအမည်များ ဝေါဟာရ ရောထွေးနေခြင်း၊ ကချင်ပြည်နယ်တွင်နေထိုင်သည့် ရှမ်းတိုင်းရင်းသားများ ငါးမျိုးတွင်လည်း အမည်ကွဲများ ရှိနေခြင်း စသည့် ကိစ္စရပ်များမှာ အငြင်းပွားနေဆဲဖြစ်သည်။
ကချင်ပြည်နယ်လွှတ်တော် တိုင်းရင်းသားရေးရာကော်မတီကလည်း ပြည်နယ်အတွင်း တိုင်းရင်းသားပြဿနာများကို ဖြေရှင်းရာတွင် ငြိမ်းချမ်းရေးမရရှိဘဲ ဖြေရှင်းပါက ရှုပ်ထွေးမှုကိုသာ ပိုမိုဖြစ်စေနိုင်ကာ ငြိမ်းချမ်းရေးရရှိပြီး ဥပဒေဘောင်အတွင်း တိုင်းရင်းသားအားလုံး ငြိမ်းချမ်းစွာ ပူးပေါင်းဖြေရှင်းမှသာ ပြေလည်မှုရရှိနိုင်မည်ကြောင်း ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
