အရှုံးမရှိဘဲ အမြဲတမ်းမြတ်နေသည့် ပြည်တွင်းမှ ပုဂ္ဂလိကဘဏ်များထံ ဒေါ်လာအပ်နှံရာတွင် ရာခိုင်နှုန်းဖြင့် ဖြတ်တောက်နေမှုမှာ ငွေအပ်သူများအပေါ် မညှာမတာ လုပ်ရာကျနေသဖြင့် နိုင်ငံပိုင်ဘဏ်သုံးခုတွင် ဒေါ်လာ လာရောက်အပ်နှံသူများထံမှ ပုဂ္ဂလိက ဘဏ်များကဲ့သို့ ရာခိုင်နှုန်းဖြင့် ဖြတ်တောက်ရယူမှုမပြုရန် အဆိုပြုထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားသည်။
ရန်ကုန်မြို့ UMFCCI ၌ ပြုလုပ်သည့် ပုံမှန်တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။
“ကျွန်တော်တို့နိုင်ငံက ဘဏ်တွေက အမြဲတမ်းမြတ်နေတဲ့ ဘဏ်တွေပါ။ ဒါပေမဲ့ သူတို့ဘဏ်တွေကို ကျွန်တော်တို့ သွားတဲ့အခါကျရင် နိုင်ငံခြားငွေ ဒေါ်လာသွင်းတဲ့အခါကျရင် သူတို့က Point 03 Percent ဖြတ်ပါတယ်။ ကိုယ့်ဘက်ကလည်း ငွေသွင်းရသေးတယ်။ ကိုယ်ကလည်း ပိုက်ဆံပေးရသေးတယ်ဆိုတော့ ဒီဟာက သိပ်ပြီးတော့ ငွေအပ်တဲ့သူတွေအပေါ်မှာ မညှာမတာလုပ်ရာ ကျပါတယ်” ဟု ဦးစိုးဝင်းက ပြောကြားသည်။
ပြည်သူများနှင့် ဘဏ်အသုံးပြုသူများထံမှ နိုင်ငံခြားငွေကို ဘဏ်များသို့ လာ၍အပ်နှံချိန်တွင် ပုဂ္ဂလိက ဘဏ်များကဲ့သို့ ရာခိုင်နှုန်းဖြင့် ငွေဖြတ်တောက်မှု မပြုရန် အဆိုပြုထားသည့် ဘဏ်သုံးခုမှာ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်တို့ ဖြစ်ကြောင်း ဦးစိုးဝင်းက ဆက်လက်ပြောကြားသည်။
“ကျွန်တော်တို့အနေနဲ့ ကိုင်တွယ်လုပ်ကိုင်ပေးရတဲ့ ဘဏ်ကြီးသုံးခု ရှိပါတယ်။ MFTB ရယ် MEB ရယ် MICB ရယ်။ သူတို့ဆီကနေပြီးတော့ သူတို့ကိုလာအပ်တဲ့ ဒေါ်လာတွေအပေါ်မှာ Free၊ မယူဖို့ ဆိုပြီးတော့ အဆိုပြု ထားပါတယ်။ ဒီလိုအဆိုပြုလို့ရှိရင် ဘဏ်နဲ့ ဘဏ်အသုံးပြုသူတွေကြားမှာ ဆက်ဆံရေး အလွန်ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ ဒီအတွက်လည်း အစီအစဉ်တွေချပြီး ဆောင်ရွက်နေပါတယ်” ဟု ဦးစိုးဝင်းက ပြောကြားသည်။
ထို့ပြင် ဘဏ်များသို့ သွားရောက်ရာ၌ ပုံစံများ ရောင်းချနေပြီး ထိုသို့ပုံစံရောင်းကာ ရန်ပုံငွေရရေး ရောင်းချနေမှုများ ရှိနေကာ ထိုသို့ရောင်းချနေမှုများကြောင့် Corruption ဝင်လာမည်ကို စိုးရိမ်မှုများ ဖြစ်နေရကြောင်းနှင့် ဘဏ်များအနေဖြင့် အရှုံးမရှိဘဲ အမြတ်ချည်းသာ ရနေသဖြင့် အဆိုပါ စရိတ်များကို Customer များက ကျခံနေရသည့်အစား ဘဏ်များကသာ ကျခံစေရန် ဆန္ဒရှိနေသည်ဟု ဦးစိုးဝင်းက ပြောကြားသည်။
ထို့ကြောင့် ကနဦးအနေဖြင့် နိုင်ငံပိုင်ဘဏ်များတွင် စက္ကူကြေး၊ ပုံစံကြေးများရယူမှု မရှိဘဲ ဘဏ်က အမှန်တကယ် လိုအပ်သည့် တရားဝင်ယူရမည့် အခများကိုသာ ကောက်ခံရန် စီစဉ်ထားကြောင်း ဦးစိုးဝင်းက ဆက်လက်ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
