နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ မွန်ပြည်နယ်ခရီးစဉ်အတွင်း ပြည်သူများက တိုင်ကြားခဲ့သည့် တိုင်စာ ၇၉ စောင်အနက် နိုင်ငံတော်သမ္မတရုံးက မွန်ပြည်နယ် အစိုးရအဖွဲ့ထံ ပြန်လည်ပေးပိ့ုလာသည့် တိုင်စာ ၃၀ နှင့် ပတ်သက်ပြီး စိစစ်တွေ့ရှိချက်များအား နိုင်ငံတော်သမ္မတရုံးထံ ပြန်လည်တင်ပြရမည်ဖြစ်ကာ လယ်ယာမြေ ကိစ္စရပ် အများဆုံး ပါဝင်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောကြားသည်။
“နိုင်ငံတော်သမ္မတရုံးကနေပြီး တိုင်ကြားစာတွေ ပြန်လည်စိစစ်ဖို့အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ကို ပေးပို့တာက တိုင်စာ ၂၅ စောင်၊ သမ္မတရုံးကပဲ ဝန်ကြီးဌာနတွေကို စိစစ်ဖို့ပေးလိုက်တဲ့ တိုင်စာက ငါးစောင် ပြန်လည်ပေးပို့ခဲ့ပါတယ်။ ကျန်တဲ့တိုင်စာ တွေကိုလည်း ထပ်ပြီးတော့ ပြန်လည်ပေးပို့ဦးမယ် ထင်ပါတယ်။ နိုင်ငံတော်သမ္မတရုံးက ပြန်လည်ပေးပို့လာတဲ့ တိုင်ကြားစာတွေကို အဖွဲ့ဖွဲ့ပြီး ပြန်လည်စိစစ်တာတို့၊ သက်ဆိုင်ရာ ဌာနတွေကို လွှဲပြောင်းစစ်ဆေးစေတာတို့ လုပ်ဆောင်နေပါပြီ။ စစ်ဆေးတွေ့ရှိချက်၊ ပေါ်ပေါက်ချက်တွေ၊ သုံးသပ်ချက်တွေကို နိုင်ငံတော်သမ္မတရုံးကို ပြန်လည်ပေးပို့သွားဖို့ ဆောင်ရွက်နေပါတယ်” ဟု ဦးမြင့်သန်းဝင်းက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ပြန်လည်ပေးပို့လာတဲ့ တိုင်စာတွေထဲမှာ ဘိုးဘွားပိုင်မြေနဲ့ လယ်ယာမြေပြဿနာတွေက အများဆုံးပါ။ စိုက်ပျိုးမြေပြန်လည် ရရှိရေး၊ အမည်ပေါက် လယ်ယာမြေကိစ္စ၊ မြေယာပိုင်ဆိုင်မှု အထောက်အထား မှန်ကန်ရေး ပြန်လည်စိစစ်ပေးဖို့ကိစ္စ၊ ဆုံးဖြတ်ပြီးသား ဆုံးဖြတ်ချက်တွေကို ပြန်ပြီး စောဒကတက်တဲ့တိုင်စာ၊ စွန့်လွှတ်မြေ မူလပိုင်ရှင် ပြန်လည်ရရှိရေးကိစ္စ၊ မြေယာစီမံခန့်ခွဲမှုဘက်က ဆုံးဖြတ်တဲ့ကိစ္စ၊ အသိမ်းခံ လယ်ယာမြေ ပြန်လည်ရရှိရေးနဲ ့မြေပြန်ပေးရမယ့်ဟာကို တာဝန်ရှိသူတွေက အချိန်ကြန့်ကြာအောင် ဆောင်ရွက်နေတဲ့ ကိစ္စမျိုးတွေပဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ထို့ပြင် စည်ပင်သာယာနှင့် သက်ဆိုင်သော ခွင့်ပြုချက်မရှိဘဲ နေအိမ်ဆောက်လုပ်ခြင်း၊ အဆောက်အအုံ ဖျက်သိမ်းခွင့် ရပ်ဆိုင်းခံထားရသည့် ကိစ္စများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများကို တိုင်ကြားထားသည့် တိုင်ကြားစာများလည်း ပါဝင်ကြောင်း ဦးမြင့်သန်းဝင်းက ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင် ပြုလုပ်ခဲ့သော အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်နှင့် တွေ့ဆုံပွဲ၌ မွန်ပြည်နယ် အတွင်းရှိ နစ်နာသူ ပြည်သူများက သမ္မတနှင့်အတူ ပါလာသည့် တိုင်ကြားစာ လက်ခံသူများထံ တိုက်ရိုက်တိုင်ကြား ခဲ့ကြခြင်းဖြစ်ပြီး လယ်ယာမြေနှင့် ပတ်သက်ပြီး တိုင်ကြားမှု အများဆုံးဖြစ်ကြောင်း တိုင်ကြားစာပေးအပ်သူများ၏ ပြောကြားချက်များအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
