တောင်တရုတ်ပင်လယ်မြောက်ဘက်သို့ ဦးတည်ရွေ့လျားနေသည့် အပူပိုင်းမုန်တိုင်းငယ်သည် စက်တင်ဘာ ၁၈ ရက်တွင် အားကောင်းသည့် တိုင်ဖွန်းမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲလာဖွယ်ရှိကြောင်း ဗီယက်နမ် အမျိုးသား မိုးလေဝသ ဌာနက စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
စက်တင်ဘာ ၁၇ ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီတွင် ဖိလစ်ပိုင်၏ လူဇွန်ကျွန်းအရှေ့ဘက်တွင် ဖြစ်ပေါ်သည့် လေဖိအားနည်းရပ်ဝန်းသည် တစ်နာရီလျှင် လေတိုက်နှုန်း ၅၀ ကီလိုမီတာမှ ၆၁ ကီလိုမီတာအထိရှိခဲ့သည်။
ထိုမုန်တိုင်းငယ်သည် စက်တင်ဘာ ၁၈ ရက်တွင် ဗီယက်နမ်၏ ဟွမ်ဆာကျွန်း (ပါရာဆယ်ကျွန်းစု) အရှေ့ဘက် ၄၂၀ ကီလိုမီတာရှိ တောင်တရုတ်ပင်လယ်မြောက်ပိုင်းသို့ ဦးတည်နေပြီး အင်အားပြင်းထန်လာဖွယ်ရှိသည်။
စက်တင်ဘာ ၁၉ ရက်တွင် ထိုမုန်တိုင်းသည် ပိုမိုအားကောင်းလာနိုင်ပြီး လေတိုက်နှုန်း တစ်နာရီလျှင် ၈၉ ကီလိုမီတာအထိ ရှိလာနိုင်ကာ လာမည့် ၇၂ နာရီအတွင်း တောင်တရုတ်ပင်လယ် အနောက်ဘက်နှင့် အနောက်မြောက်ဘက်ကြားသို့ ဦးတည်ရွေ့လျားသွားနိုင်ကြောင်း ဗီယက်နမ်မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
ထိုမုန်တိုင်းသည် စက်တင်ဘာ ၂၀ သို့မဟုတ် ၂၁ ရက်တွင် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းသို့ ဝင်ရောက်လာလိမ့်မည်ဟုလည်း ထိုင်းမိုးလေဝသဌာနက ခန့်မှန်းထားသည်။
ထိုမုန်တိုင်းကြောင်း ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများအပါအဝင် နေရာဒေသအချို့တွင် စက်တင်ဘာ ၂၀ ရက်မှ ၂၃ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပွားနိုင်ကြောင်း ထိုင်းအာဏာပိုင်များက သတိပေးချက်ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
