နိုင်ငံအတွင်း၌ တည်ထောင်ထားပြီးဖြစ်သော စွမ်းအင်ကဏ္ဍနှင့် သက်ဆိုင်သည့် အခြေခံ အဆောက်အဦများ၊ နိုင်ငံ၏ တည်နေရာအနေအထားများကို ထိရောက်စွာအသုံးပြုပြီး စွမ်းအင်ကုန်သွယ်ရေး (Energy Trading)ကို Business အသွင်ဖြင့် အကျိုးရှိအောင်ဆောင်ရွက်သွားရန် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် က ပြောကြားလိုက်သည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအား နိုင်ငံတကာကုမ္ပဏီများနည်းတူ အဆင့်မီတိုးတက်ရေး သုံးသပ်အကြံပြု ညှိနှိုင်းဆွေးနွေးခြင်း အခမ်းအနားကို စက်တင်ဘာ (၁၈)ရက်က စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၆)ရှိ ရတနာခန်းမ၌ ကျင်းပစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ရေနံတူးဖော်မှုကို ၁၈၈၆ ခုနှစ်က စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်းများစွာ လုပ်ငန်းအတွေ့အကြုံများ ရှိခဲ့သော်လည်း ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မှာ နိုင်ငံတကာ ရေနံကုမ္ပဏီများနှင့် နှိုင်းယှဉ်ပါက များစွာနှေးကွေးလျက်ရှိသည်ကို တွေ့မြင်နိုင်ကြောင်း ၎င်းက ပြောကြားသည်။
ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်ခြင်း (Upstream)၊ သယ်ယူပို့ဆောင်ခြင်း (Midstream)နှင့် ချက်လုပ်ခြင်း (Downsteram) ကဏ္ဍ ၃ မျိုး လုံးတွင် ခေတ်မီဖွံ့ဖြိုးလာစေရေး ဝိုင်းဝန်းကြိုးစားကြရမည့်အပြင် စွမ်းအင်ကုန်သွယ်ရေးကို အကျိုးရှိအောင်ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် စွမ်းအင်ကုန်သွယ်ရေးလုပ်ငန်း (Energy Trading) မှ ဝင်ငွေရရှိလာသည့်အခါ လိုအပ်သည့် အခြေခံအဆောက်အဦများ ထပ်မံတည်ဆောက်ခြင်းဖြင့် လုပ်ငန်းပိုမိုကြီးထွားလာနိုင်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ စွမ်းအင်ကဏ္ဍလုပ်ငန်းများအား နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နိုင်စေရန် မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းကို နိုင်ငံတကာရေနံကုမ္ပဏီများနည်းတူ အဆင့်မီတိုးတက်ရေး သုံးသပ်အကြံပြု ညှိနှိုင်းဆွေးနွေးခြင်း (Brainstorming Session) အခမ်းအနား ကျင်းပရခြင်းဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောဆိုသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်သည့် တာဝန်ရှိသူများနှင့် ဝန်ထမ်းများက မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းကို နိုင်ငံတကာကုမ္ပဏီများနည်းတူ အဆင့်မီတိုးတက်စေရေး ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များ၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ ပြုပြင်ပြောင်းလဲသင့်သည့် ကိစ္စရပ်များ၊ ဖြည့်ဆည်းရမည့် အခြေအနေများကို ဆွေးနွေးသုံးသပ်ကြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
