ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းသည် အာဆီယံဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက စခန်းဝင်လေ့ကျင့်မှုကို စတင်ပြုလုပ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဖူဆယ်အဖွဲ့ချုပ်ထံမှ သိရသည်။
ပဏာမ မြန်မာ့လက်ရွေးစင်အမျိုးသားဖူဆယ်အသင်းကို နည်းပြချုပ်အဖြစ် ထိုင်းနိုင်ငံသား Mr. Bunlert Cheowarang က တာဝန်ယူလျက်ရှိပြီး လက်ရှိအချိန်တွင် ကစားသမား ၂၇ ဦးဖြင့် ဖွဲ့စည်းကာ သုဝဏ္ဏကွင်းအတွင်းရှိ လက်ရွေးစင်ကစားသမားများအဆောင်တွင် နေထိုင်ပြီး MFF Futsal Stadium ၌တစ်ရက်လျှင် လေ့ကျင့်ချိန် ၂ ကြိမ်နှုန်းဖြင့် စခန်းဝင်လေ့ကျင့်မည် ဖြစ်သည်။
အဆိုပါ ပဏာမ မြန်မာ့လက်ရွေးစင်အမျိုးသားဖူဆယ်အသင်းကို နည်းပြချုပ်က ကျင်းပပြီးစီးခဲ့သော ပြည်နယ်နှင့် တိုင်းဖူဆယ်ပြိုင်ပွဲများ၊ Max Energy Futsal Amateur Cup 2024, AYA Pay Futsal Championship 2024 ပြိုင်ပွဲများကို လိုက်လံကြည့်ရှုကာ ကစားသမားများကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။
မြန်မာ့လက်ရွေးစင်အမျိုးသားဖူဆယ်အသင်းအနေဖြင့် နိုဝင်ဘာလအတွင်းကျင်းပမည့် အာဆီယံဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။









-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
