ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှလှူဒါန်းသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ် ဆေး(OCV) ၂ ဒသမ ၄၅ သန်း(doses)သည် စက်တင်ဘာ ၁၇ ရက်နှင့် ၁၉ ရက်တို့က လေ ယာဉ်အမှတ် WW211 ဖြင့်ရန်ကုန်လေဆိပ်သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။
WHO မှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၅ သိန်းတန်ဖိုးရှိ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာ ကွယ်ဆေး(OCV)များအား ကျန်းမာရေးဝန်ကြီး ဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများအား ပြင်းထန်ဝမ်း ပျက်ဝမ်းလျှောရောဂါကူးစက်ဖြစ်ပွားခဲ့သည့် မြို့နယ်/ရပ်ကွက်များမှ စာသင်ကျောင်းများ၊သင်တန်းကျောင်းများ၊ ဘော်ဒါဆောင်များ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ပရဟိတဂေဟာ/ကျောင်းများ၊ ဘာသာရေးကျောင်းများ၊ မိဘမဲ့ကျောင်းများ၊ ဘိုးဘွားရိပ်သာများ၊ ကယ်ဆယ်ရေးစခန်းများ၊ ဈေးများ၊ အစားအသောက်ဆိုင်တန်းများ၊ စက် ရုံ၊ အလုပ်ရုံများ၊ အကျဉ်းထောင်များ၊ လူနေထူ ထပ်ပြီးသန့်ရှင်းသောသောက်သုံးရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှုအားနည်းသောနေရာများတွင် နေထိုင်သူများအား ဦးတည်အုပ်စုများအလိုက် ဦးစားပေးတိုက်ကျွေးသွားမည်ဖြစ်သည်။
ရန်ကုန်လေဆိပ်သို့ရောက်ရှိလာသည့် ကာကွယ် ဆေးများအား ဗဟိုကာကွယ်ဆေးအအေးခန်း(ရန်ကုန်)သို့ အအေးလမ်းကြောင်းမပြတ်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
