ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကဖြစ်ပွားခဲ့သည့် ရေဘေးအန္တရာယ်ကြောင့် ရေဘေးသင့်ခဲ့သော ဆရာ၊ဆရာမ၊ဝန်ထမ်း (၉၅၁၈)ဦးရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေ၏ ပြောကြားချက်အရ သိရသည်။
၎င်းမှ တက္ကသိုလ်ပါမောက္ခချုပ်များ၊ တိုင်းနှင့်ပြည်နယ်ပညာရေးမှူးများအား ယမန်နေ့ စက် တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
တိုင်းနှင့်ပြည်နယ်များရှိ မြို့နယ်အချို့တွင် ရေ ဘေးအန္တရာယ်ကြုံတွေ့ခဲ့ရ၍ ပညာရေးဝန်ကြီး ဌာနတွင် ရေဘေးရေဘေးသင့်ကျောင်း(၁၄၆၉) ကျောင်းရှိခဲ့ပြီး ဆရာ၊ဆရာမ၊ဝန်ထမ်း(၉၅၁၈) ဦး ရေဘေးသင့်ခဲ့သည်ဟု ပြောသည်။
ထို့ကြောင့် ရေဘေးသင့် ဆရာ၊ဆရာမများအား ရေဘေးကင်းလွတ်သည့်ဒေသများရှိ ပညာရေးဝန်ထမ်းမိသားစုများ၏ ဆန္ဒအလျောက်ကူညီမှုဖြင့် ထောက်ပံ့ကူညီပေးသွားမည်ဖြစ်၍ တာဝန်ရှိသူများက ရေဘေးကြောင့် ထိခိုက်၊ ပျက်စီး၊ ဆုံးရှုံးမှုဆိုင်ရာစာရင်းများကို မှန်မှန်ကန်ကန်နှင့် စနစ်တကျပြုစုပေးပို့ရမည်ဟု ပြောသည်။
” ရေဘေးကျရောက်တဲ့ ဒေသတွေမှာ မိမိတို့ကျောင်းအလိုက် လက်ရှိအနေအထားကနေ တိုးတက်အောင်ဆောင်ရွက်ပြီးစီးမှုမှတ်တမ်းတွေကို နှစ်ပတ်တစ်ကြိမ် ပေးပို့ကြရပါမယ်။ ကျောင်းတွေအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ဖို့ အားလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရပါမယ်”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေက ပြောသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာဇော်မြင့်နှင့် ဒု-ဝန်ကြီးဒေါက်တာမိုးဇော်ထွန်းတို့က လာမည့်စက်တင်ဘာ၂၁ ရက်မှ ၂၅ ရက်အတွင်း မိမိတို့နေရာဒေသအလိုက် မိုးလေဝသအခြေအနေများကို အမြဲမပြတ်လေ့လာပြင်ဆင်ထားနိုင်ရေးအတွက် မိုးလေဝ သသတင်းကို အထူးဂရုစိုက်နေထိုင်ကြရန် မှာ ကြားခဲ့ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
