နယ်စပ်ဒေသများ တည်ငြိမ်စေရန်နှင့် ကုန်သွယ်မှုလမ်းကြောင်းများ ပွင့်စေရန် ကြိုးပမ်းမှုအဖြစ် ပဋိပက္ခဖြစ်ပွားနေရာ မြန်မာနိုင်ငံနှင့် ဆက်သွယ်ထားသည့် အဓိက အဝေးပြေးလမ်းမကြီးကို ပြုပြင်ရန်အတွက် မြန်မာဘက်ခြမ်းရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ထိုင်းနိုင်ငံက ပူးပေါင်းဆောင်ရွက်လိုသည်ဟု နိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာက ကြာသပတေးနေ့(စက်တင်ဘာ ၁၉) တွင် ပြောဆိုသည်။
မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ပျက်စီးထိခိုက်ခဲ့သည့် အမှတ်(၁) အာရှအဝေးပြေးလမ်းမ(AH1) ၏ အစိတ်အပိုင်းများကို ပြန်လည်တည်ဆောက်ရန် တွန်းအားပေးမှုတွင် အာဆီယံနှင့် အိန္ဒိယတို့၏ ထောက်ခံပံ့ပိုးမှုကို ထိုင်းနိုင်ငံက ရရှိထားသည်ဟု သူက သတင်းထောက်များကို ပြောဆိုခဲ့သည်။
မြန်မာ့အရေးနှင့် ပတ်သက်၍ ယခုနှစ်မကုန်ခင်တွင် ဒေသဆိုင်ရာ အစည်းအဝေးတစ်ခုကို ထိုင်းနိုင်ငံက လက်ခံကျင်းပပေးသွားရန် လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဌ လာအိုနိုင်ငံက တောင်းဆိုခဲ့သည်ဟုလည်း အသေးစိတ်အချက်အလက်များ မဖော်ပြဘဲ သူက ပြောဆိုသည်။
“မြန်မာ့ ပြဿနာတွေကို စစ်ရေးအရ ဖြေရှင်းနိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါပေမဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေကတော့ ဖြေရှင်းနိုင်ပါလိမ့်မယ်” ဟု မာရစ်က ပြောသည်။
အရေးပါသော ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် AH1 သည် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှ မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့အထိ ၉၃၂ မိုင်ကျော် ရှည်လျားသည်။
ယခင်က နယ်စပ်ကုန်သွယ်မှု နှစ်စဉ် ဒေါ်လာ ၁ ဘီလျံကျော် ရှိခဲ့သော မြဝတီမြို့ဝန်းကျင်ဧရိယာများတွင် ခုခံတော်လှန်ရေးတပ်များက အစိုးရတပ်များကို နယ်စပ်မြို့မှ တိုက်ထုတ်မှုများလုပ်နေခဲ့သဖြင့် ယခုနှစ်အစောပိုင်းတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။
Ref: Aol.
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
