ဘာစီလိုနာအသင်း၏ နောက်ခံလူ ခွန်ဒဲက ပွဲအရေအတွက် များပြားလာခြင်းအတွက် မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီ၏ ဝေဖန်မှုကို မိမိ ထောက်ခံသည်ဟု ပြောကြားခဲ့သည်။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းအရေအတွက် တိုးမြှင့်ကျင်းပမည် ဖြစ်သလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း အသင်းအရေအတွက်နှင့် ပွဲအရေအတွက် တိုးမြှင့်ကျင်းပလျက်ရှိသည်။
ထို့ကြောင့် မန်စီးတီးအသင်းမှ စပိန်ကွင်းလယ်ကစားသမား ရိုဒရီက ထိပ်တန်းကစားသမားများအနေဖြင့် ကျပ်တည်းလွန်းသည့် ပွဲစဉ်ဇယားကြောင့် ဆန္ဒပြရန် စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။
ယခုအခါ ခွန်ဒဲကလည်း ရိုဒရီ၏ ဝေဖန်မှုကို ထောက်ခံကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
''ဒီရာသီ ပွဲစဉ်ဇယားနဲ့ ပတ်သက်ပြီး ရိုဒရီ ပြောတာကို ကျွန်တော် သဘောတူပါတယ်။ ဒီအကြောင်းကို ကျွန်တော်တို့ ပြီးခဲ့တဲ့ (၃၊ ၄)နှစ်ကတည်းက ပြောခဲ့တာပါ။ ပွဲအရေအတွက် များပြားတာက ဒဏ်ရာပြ ဿနာတွေ များပြားလာစေပါတယ်။ ကလပ်ကမ္ဘာ့ဖလားပုံစံသစ်ဟာ ရူးသွပ်မှုပါပဲ။ တစ်နှစ်ပြီးတစ်နှစ် ကျွန်တော်တို့ရဲ့ အနားယူချိန်ဟာ လျော့နည်းလာပါတယ်'' ဟု ခွန်ဒဲက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
