မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီက စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းက ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားနေသည်ဆိုသော သတင်းများနှင့် ပတ်သက်ပြီး ပြောစရာမရှိကြောင်း တုံ့ပြန်ခဲ့သည်။
အသက် (၂၈) နှစ်အရွယ်ရှိ စပိန်ကွင်းလယ်ကစားသမား ရိုဒရီသည် ၂၀၁၉ ခုနှစ်တွင် အက်သလက်တီကိုအသင်းမှ မန်စီးတီးအသင်းထံသို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အကောင်းဆုံးခြေစွမ်းပြနေသလို၊ အသင်းနှင့်အတူ ဆုဖလားအားလုံးကို ရရှိထားသည်။
The Independent သတင်းစာ၏ဖော်ပြချက်အရ ရီးယဲလ်မက်ဒရစ်အသင်းသည် ရိုဒရီကို မျက်စိကျနေပြီး လာမည့် ၂၀၂၅ နွေရာသီတွင် အရခေါ်ယူသွားရန် စီစဉ်နေကြောင်း သိရသည်။
မန်စီးတီးအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည့် ရိုဒရီက ၎င်း၏အနာဂတ်နှင့်ပတ်သက်ပြီး ဖွင့်ဟပြောကြားခဲ့ခြင်းဖြစ်သည်။
ရိုဒရီက ''မန်စီးတီးအသင်းနဲ့ချုပ်ဆိုထားတဲ့ ကျွန်တော့်ရဲ့စာချုပ်က (၃) နှစ်သက်တမ်း ရှိနေပါသေးတယ်။ ၂၀၂၂ ခုနှစ်မှာ မန်စီးတီးနဲ့ စာချုပ်သစ်ချုပ်တုန်းက တခြားအသင်းတွေအကြောင်း ကျွန်တော် လုံးဝမစဉ်းစားခဲ့ပါဘူး။ မန်စီးတီးမှာ ကျွန်တော် (၃) နှစ် ရှိနေပါဦးမယ်။ ဒီတော့ တခြားဘာမှပြောစရာမရှိပါဘူး''ဟု ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ရီးယဲလ်အသင်းက ခေါ်ယူရန်စိတ်ဝင်စားနေသည့် ၎င်းတို့၏ကွင်းလယ်ကစားသမား ရိုဒရီကို လစာများစွာတိုးမြှင့်ပေးကာ စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်းလည်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
